ရှီကျင့်ဖိန်သည် တရုတ် ပန်းချီပြတိုက်မှ အနုပညာရှင်များအား စာပြန်

CRI, May 23, 2023
Size:

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၂၁ရက်နေ့က တရုတ် ပန်းချီပြတိုက်မှ အနုပညာရှင်များအား စာပြန်ခဲ့ရာ တရုတ် ပန်းချီပြတိုက် တည်ထောင်ဖွင့်လှစ်ခဲ့သည့် နှစ် ၆၀ပြည့်မြောက်သည့် အခါသမယတွင် ပန်းချီပြတိုက်၏ ဝန်ထမ်းနှင့် ပညာရှင်အားလုံးကို ဂုဏ်ပြုကြောင်းနှင့် နှုတ်ခွန်းဆက်သကြောင်း ဖော် ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ် ပန်းချီပြတိုက်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ပန်းချီ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြောင်း၊ ပန်းချီလက်ရာကောင်းများ စုဆောင်းသိမ်းဆည်းခြင်း၊ ပြပွဲကျင်းပခြင်း၊ အများပြည်သူ့ ပညာရေးနှင့် နိုင်ငံတကာ ကူးလူးဖလှယ်မှု စသည့် နယ်ပယ်များတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြန်စာတွင် ရေးသားဖော်ပြခဲ့ပါသည်။

တရုတ် ပန်းချီပြတိုက်သည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ပြီးနောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် အမျိုးသား အဆင့် ပန်းချီပြတိုက် ဖြစ်ပြီး ၁၉၆၃ခုနှစ် မေလ ၂၃ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။