မေ ၁၃ ရက်က ကူမင်းမြို့ နန်ဖိန်လမ်းရှိ "လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်-ထိုင်းအထူးပွဲ" ကျင်းပခဲ့ရာ ဒူးရင်းဆိုင်များတွင် လူတိုးမပေါက်အောင် စည်ကားခဲ့ကြသည်။ မေ ၁၂ ရက်တွင် ၃ ရက်ကြာ "ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်-ထိုင်းအထူးပွဲ" သို့ စတင်ကျင်းပခဲ့ပြီး အရည်အသွေးမြင့် သစ်သီးဝလံလုပ်ငန်း ၂၈ ခု တက်ရောက်ခဲ့ပါသည်။
ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ပြောကြားချက်အရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နှင့် မဲခေါင်နိုင်ငံတို့ကြား သစ်သီးဝလံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၇၄၇ ဘီလီယံအထိ ရှိခဲ့ကြောင်း၊ မဲခေါင်နိုင်ငံများမှ ဒူးရင်း၊ တောကြက်မောက်၊ ကျွဲကောစိမ်း၊ မင်းကွတ်သီး၊ အုန်းသီးနှင့် အခြားသစ်သီးဝလံများကို တရုတ်-လာအိုမီးရထားဖြင့် သယ်ယူပို့ဆောင်ကာ တစ်နိုင်ငံလုံးသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ယူနန် Dianguolian စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌ Li Li က တရုတ်-လာအိုမီးရထား ဖွင့်လှစ်ခြင်းသည် ယူနန်သစ်သီးများ ယူနန်မှ ပြည်ပဈေးကွက်သို့ ရောက်ရှိရေး အဆင်ပြေစေသည်ဟု ပြောကြားခဲ့သည်။