၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီမာရသွန်တွင် နိုင်ငံများစွာမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်

lmcchina.org, May 19, 2023
Size:

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တာ့လီမာရသွန်ကို မေ ၂၀ ရက်နေ့၌ ယူနန်ပြည်နယ် တာ့လီ(ပိုင်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲသည် လန်ချန်း-မဲခေါင် ၆ နိုင်ငံနှင့်အတူ ကင်ညာ၊ အမေရိကန်၊ ပြင်သစ်၊ ကနေဒါနှင့် ဩစတြေးလျ စသည့်နိုင်ငံနှင့် ဒေသပေါင်း ၁၃ ခုမှ လက်ရွေးစင်များအား ပါဝင်ယှဉ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ရည်ရွယ်ချက်မှာ လန်းချန်း-မဲခေါင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် လန်ချန်း-မဲခေါင်နိုင်ငံများကြား ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံကောင်းဆက်ဆံရေးကို မြှင့်တင်ရန်၊  ကဏ္ဍအသီးသီးမှ အရင်းအမြစ်များ ပေါင်းစပ်မှုကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို ရှာဖွေရန်၊ "အားကစားနှင့် ခရီးသွားလုပ်ငန်း" ၏ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင်  မာရသွန်(၄၂.၁၉၅ ကီလိုမီတာ)၊ မာရသွန်တစ်ဝက်(၂၁.၀၉၇၅ ကီလိုမီတာ)၊ ပြေးကြမယ်ဟေ့အချစ်ရေး(၅.၂ ကီလိုမီတာ )နှင့် ၁၃၁၄  ထာဝရချစ်မည်မာရသွန်(အပြည့်၊ တစ်ဝက်၊ ၅.၂ ကီလိုမီတာ) စသည့်ပြိုင်ပွံလေးခု ပါဝင်သည်။ မာရသွန်ပြိုင်ပွဲဝင် ၂၀၀၀၊ မာရသွန်တစ်ဝက်ပြိုင်ပွဲဝင် ၄၀၀၀၊ ပြေးကြမယ်ဟေ့အချစ်ရေး(၅.၂ ကီလိုမီတာ)တွင် ပြိုင်ပွဲဝင် လူ ၅၀၀၀ နှင့် ၁၃၁၄ ထာဝရချစ်မည်မာရသွန်တွင် ပြိုင်ပွဲဝင်  ၂၆၂၈ ပါဝင်သောပြိုင်ပွဲဝင် စုစုပေါင်း ၁၃၆၂၈ ဦး ပါဝင်သော ပြိုင်ပွဲကြီး ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲ ဒီဇိုင်းရေးဆွဲမှုက လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့၏ ယဉ်ကျေးမှုလက္ခဏာများကို အပြည့်အဝ ခင်းကျင်းပြသလျက်ရှိရာ အားကစားမှတစ်ဆင့် ဘက်ပေါင်းစုံပေါင်းစည်းမှုဖလှယ်ရေးပလပ်ဖောင်း တည်ဆောက်ထားသည်။