Special Yunnan Lifestyle | ငှက်ရှုစားသူများ၏ ကောင်းကင်ဘုံ ဖြစ်သည့် တရုတ်-မြန်မာနယ်စပ်ရှိ ရင်ကျန်းခရိုင်တွင် တစ်ရက်တည်းအတွင်း ငှက်မျိုးစိတ်ပေါင်း ၃၀၄ မျိုးကို တွေ့ရှိခဲ့

Yunnan Gateway, May 17, 2023
Size:

ပဥ္စမအကြိမ်မြောက် ရင်ကျန်းအပြည်ပြည်ဆိုင်ရာ ငှက်ရှုစားပွဲတော်နှင့် တရုတ်အောက်ချင်းငှက်များ Big Day ရှုစားခြင်းစိန်ခေါ်မှုပြိုင်ပွဲကို ယူနန်ပြည်နယ် တယ်ဟုန် တိုင်(ရှမ်း)၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျန်းခရိုင်၌ မေလ ၂ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။

ယခုအကြိမ် စိန်ခေါ်မှုပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သည့်အဖွဲ့ ၁၆ ဖွဲ့သည် ၂၄ နာရီအတွင်းတွင် ငှက်မျိုးစိတ်ပေါင်း ၃၀၄ မျိုးကို လေ့လာတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် တရုတ်နိုင်ငံ အမျိုးသားပထမအဆင့် အဓိကကာကွယ်ရေးတိရစ္ဆာန်မျိုးစိတ် (၄)မျိုးနှင့် တရုတ်အမျိုးသား ဒုတိယအဆင့် အဓိက ကာကွယ်ရေးတိရစ္ဆာန်မျိုးစိတ် (၅၆)မျိုးတို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရင်ကျန်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)