အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အဆင့်မြင့်အရာရှိများအစည်းအဝေးကို နန်နင်းမြို့၌ ကျင်းပ

Yunnan Gateway, May 12, 2023
Size:

အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အဆင့်မြင့်အရာရှိများအစည်းအဝေးကို မေလ ၉ရက်နေ့တွင် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ အဆင့်မြင့်အရာရှိများ၊ တရုတ်နိုင်ငံရှိ အာဆီယံနိုင်ငံများ၏ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးနှင့် ကွမ်ရှီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွက် ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။