ဒုတိယကြိမ်မြောက် လန်ချန်း-မဲခေါင် သတင်းထောက်များသင်တန်းသည် ဖနွမ်းပင်မြို့တွင် ကျင်းပ

lmcchina.org, May 12, 2023
Size:

ဒုတိယကြိမ်မြောက် လန်ချန်း-မဲခေါင် သတင်းထောက်များသင်တန်းသည် ဧပြီလ ၂၆ ရက်နေ့တွင် ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ ယင်း ၃ ရက်ကြာသောသင်တန်းသည် ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီနှင့် ကမ္ဘောဒီးယားသတင်းထောက်ကလပ်တို့ ပူးတွဲကျင်းပသည် ဖြစ်ပြီး လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ သတင်းထောက်များ သင်တန်းတက်ကြသည်။

ဤသင်တန်း၏ရည်ရွယ်ချက်သည် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများကို လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ သတင်းထောက်များ ပိုမိုနားလည်စေရန်နှင့် လန်ချန်း-မဲခေါင်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို တိုးတက်စေရန် ဖြစ်ကြောင်း ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီလက်အောက်မှ နိုင်ငံတကာဆက်ဆံရေးသုတေသနဌာန ဌာနမှူး ကျင်ဖျိန်က ပြောကြားသည်။

သင်တန်းတက်ကြသော သတင်းထောက်များသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးစနစ်၊ လူမှုရေးပတ်ဝန်းကျင်နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ပိုမိုနားလည်မည် ဖြစ်၍ ဤသင်တန်းသည် လန်ချန်း-မဲခေါင်ဒေသ သတင်းထောက်များ သတင်းဖလှယ်သော အရေးကြီးပလက်ဖောင်း ဖြစ်လာမည်ဟု ကျင်ဖိန်က ပြောကြားသည်။