လန်ချန်း-မဲခေါင် အမျိုးသမီးဥပဒေအသိပညာပေးအဖွဲ့လေးက ဥပဒေအသိပညာပေးလှုပ်ရှားမှုများ စတင်ဆောင်ရွက်

lmcchina.org, May 12, 2023
Size:

ယခုရက်ပိုင်းများက ရှစ်ဆောင်ပဏ္ဏား နယ်စပ်စီမံအုပ်ချုပ်ရေးတပ်ဖွဲ့ခွဲ ကွမ်းလေးနယ်စပ်ရဲဌာနမှ ဖွဲ့စည်းထားသော လန်ချန်း-မဲခေါင် အမျိုးသမီးဥပဒေအသိပညာပေးအဖွဲ့လေးသည် မုန်လခရိုင် ကွမ်းလေးမြို့နယ် မုန်ယွမ်ကျေးရွာအုပ်စု ချိန်ကျစ်ကျေးရွာသို့ သွားရောက်၍ ဥပဒေအခြေခံအသိပညာပေးလုပ်ငန်းများကို အားဖြည့်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

လှုပ်ရှားမှုအတွင်း ဥပဒေအသိပညာပေးအဖွဲ့လေးသည် ဥပဒေအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ လက်တွေ့အမေးအဖြေပြုလုပ်ခြင်း၊ တရုတ် တိုင်ဘာသာစကား နှစ်မျိုးဖြင့် ရှင်းလင်းပြောကြားခြင်း စသည်တို့ဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများကို မည်သို့ ကာကွယ်ရမည်၊ ခိုက်ရန်ဖြစ်ပွားမှုကို မည်သို့ ရှောင်ကြဉ်ရမည်၊ မူးယစ်ဆေးဝါးအသိနှင့် မူးယစ်ဆေးဝါး ကြိုတင်ကာကွယ်ခြင်း စသည့်အသိပညာများကို ပြည်သူလူထုအတွက် အဓိကထားရှင်းလင်းပြောကြားခဲ့သည်။ ပြည်သူလူထုအား ဥပဒေအကြောင်း သိရှိနားလည်၊ လိုက်နာကျင့်သုံးမှု အတွေးအမြင် ခိုင်မာစွာ ရှိစေရန် လမ်းညွှန်ပေးခဲ့သလို အုပ်ချုပ်ရေးဒေသရှိ ပြည်သူများအနေဖြင့် တရားဝင်ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်ရန်၊ စနစ်တကျရှိစွာ လုပ်ငန်းများ လည်ပတ်ရန်၊ မိမိအသိစိတ်ဖြင့် ဥပဒေချိုးဖောက်သော တရားမဝင်ရာဇဝတ်မှုများနှင့် ကင်းရှင်းစွာ နေထိုင်ရန်၊ တရားမဝင်ရာဇဝတ်လှုပ်ရှားမှု သဲလွန်စများကို တွေ့ရှိသည့်အခါ ရပ်ရွာရဲတပ်ဖွဲ့သို့ အချိန်မီ သတင်းပို့ပေးပို့ပြီး နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတူ ပူးပေါင်းကာကွယ်ရန် လမ်းညွှန်တိုက်တွန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုကာလတွင် အသိပညာပေးစာဆောင် ၈၀၀ ကျော်ကို ဖြန့်ဝေခဲ့ပြီး ပြည်သူ ၃၀၀ ကျော်အတွက် တရားဥပဒေဆိုင်ရာ မေးခွန်းများကို ပေးခဲ့ကြောင်း သိရသည်။