လန်ချန်း-မဲခေါင် OUTLOOK | မြန်မာပြည်ရောက်တရုတ်လူမျိုးနှင့် မြန်မာမိတ်ဆွေ။ ။ ဆွေမျိုးပေါက်ဖော်တို့မည်သည် သွားလာမှုရှိလေ ချစ်ကြည်ရင်းနှီးလေဖြစ်သည်

Yunnan Gateway, May 11, 2023
Size:

ယူနန်ပြည်နယ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးနှင့် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူချင်းကူးလူးဆက်ဆံရေး၊ တရုတ်-မြန်မာ အေးအတူပူအမျှ ဘုံကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ အားကစား၊ မီဒီယာ နယ်ပယ်တို့မှ ပုဂ္ဂိုလ်များကလည်း ယခုခရီးစဉ်အပေါ် အထူးစိတ်ဝင်စား အာရုံစိုက်ခဲ့ကြသည်။ ၎င်းတို့က ယူနန်-မြန်မာချစ်ကြည်ရေး၏ နွေးထွေးမှုကို ပြန်လည်အမှတ်ရရင်း ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ရန် မျှော်လင့်နေကြသည်။

"အဲဒါ ကျွန်တော်တို့အသင်းက ပါဝင်ထုတ်ဝေတဲ့ မြန်မာပြည်ရဲ့ ပေါက်ဖော်မဂ္ဂဇင်း ဖြစ်ပါတယ်။ အဲဒီမဂ္ဂဇင်းက မြန်မာ-တရုတ် နှစ်နိုင်ငံရဲ့ ဘုံကံကြမ္မာဖြစ်တဲ့ ဆွေမျိုးပေါက်ဖော်အကြောင်းတွေ အများကြီး ဖော်ပြထားပါတယ်" ဧပြီလ ၂ ရက်နေ့တွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၌ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ဗဟိုအသင်း အမှုဆောင် ဥက္ကဋ္ဌ ဦးသစ္စာ (Li Bobo) က ယူနန်ပြည်နယ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းအကြောင်းကို အသေးစိတ် မိတ်ဆက် ရှင်းပြခဲ့သည်။

လက်ထဲက ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းကို ကြည့်ရင်း ဦးသစ္စာက ယခုနှစ်များတွင် အသင်းအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်းကို ပြန်ပြောပြခဲ့သည်။ ၎င်းတို့မှာ- တရုတ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်သော တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ၊ တရုတ်-မြန်မာချစ်ကြည်ရေးဈေး၊ တရုတ်-မြန်မာချစ်ကြည်ရေးသစ်တော စသည့် လူမှုရေးနှင့် ပညာရေး စီမံကိန်းများ၊ မြန်မာနိုင်ငံရှိ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များအား တရုတ်နိုင်ငံတွင် ဆေးကုသမှုခံယူနိုင်ရန် ကူညီပေးခြင်း ... တို့ဖြစ်သည်။ "မြန်မာ-တရုတ် ပြည်သူလူထုတို့ရဲ့ မျက်နှာမှာ ပျော်ရွှင်ချမ်းမြေ့တဲ့ အပြုံးပန်းတွေ ပိုမိုဝေဆာလာစေဖို့က ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးရဲ့ တကယ့်စစ်မှန်တဲ့ ရည်ရွယ်ချက်ပါပဲ" ယူနန်ပြည်နယ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီးနောက် ဦးသစ္စာသည် အသင်း၏ ရှေ့လုပ်ငန်းစဉ်များအတွက် ယုံကြည်ချက်များ ပိုမိုခိုင်မာလာခဲ့လေသည်။ ထိုရှေ့လုပ်ငန်းစဉ်များမှာ- မြန်မာ-တရုတ် ပြည်သူချင်း ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံရေးအတွက် ဘက်အသီးသီးနှင့် လက်တွဲကာ ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန်၊ ယူနန်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်၍ မြန်မာ-ယူနန် လူငယ်များ ကူးလူးဆက်ဆံရေးကို အားပေးဆောင်ရွက်သွားရန်တို့ ဖြစ်လေသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ အတူပူးတွဲကျင်းပသည့် ယူနန်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ လင်ချန်းမြို့မှ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့၌ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။ ဧပြီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ယူနန်ပြည်နယ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိလာခဲ့သည် ... ။ ယူနန်မိတ်ဆွေများ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခြင်းသည် ယူနန်-မြန်မာပူးပေါင်းဆောင်ရွက်မှုအပေါ် ယူနန်ပြည်နယ်၏ အလေးအနက်ထားရှိမှုကို အပြည့်အဝ ထပ်ဟပ်ပြသရာ ရောက်သည်ဟု မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ စီးပွားရေး လုပ်ကိုင်လာခဲ့သည့် တရုတ်နိုင်ငံသားဖြစ်သူ Myanmar Grand Mekong-Andaman Group Co., Ltd. မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ထွန်းလင်း (Wu Yutong) က ဆိုသည်။

"မြန်မာပြည်က လုပ်ငန်းရှင်တွေလည်း ယူနန်က မြန်မာပြည်မှာ ကျင်းပတဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေကို လာတက်ကြပြီး၊ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ရှာဖွေကြပြီးတော့ လက်တွေ့ဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာကြပါတယ်" ဤအချက်က မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်တာ ရှစ်နှစ်ကျော်ကြာ ရှိပြီဖြစ်သည့် ဦးဇော်ထွန်းလင်းအား မျှော်လင့်ချက်တွေ ပို၍ရှိလာစေခဲ့လေသည်။ နှစ်ဖက် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အတူတကွ မြှင့်တင်ရေးအတွက် ယူနန်-မြန်မာ မိတ်ဆွေများနှင့် ပိုမိုလက်တွဲလုပ်ကိုင်သွားနိုင်ဖို့ သူက မျှော်လင့်လျက်ရှိလေသည်။

ယူနန်-မြန်မာ ပြည်သူချင်းကူးလူးဆက်ဆံရေးမှာ ဦးဇော်ထွန်းလင်း စိတ်ဝင်စားသည့် အဓိကနယ်ပယ် နောက်တစ်ခု ဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာအမျိုးသားနှင့် အမျိုးသမီး ခြင်းလုံးအသင်းတို့အား ကူမင်း၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် အာရှပိုက်ကျော်ခြင်းတံခွန်စိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖို့ ဦးဆောင်၍ခေါ်သွားခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် "မင်္ဂလာ"မဂ္ဂဇင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲနှင့် flashmob လှုပ်ရှားမှုအစီအစဉ်များကို ကူညီကျင်းပခဲ့သည်။ "ခြင်းလုံးဟာ ယူနန်-မြန်မာ အားကစားယဉ်ကျေးမှုဖလှယ်ရေးရဲ့ ပေါင်းကူးတံတား ဖြစ်ပါတယ်။ ခြင်းလုံးအားကစားကို အကြောင်းပြုပြီး ယူနန်နဲ့မြန်မာအကြား အားကစားပြိုင်ပွဲပလက်ဖောင်းတွေ ပိုမိုတည်ဆောက်သွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။"

ဆွေမျိုးတို့မည်သည် သွားလာမှုရှိလေ ရင်းချာလေ၊ မိတ်ဆွေတို့မည်သည် သွားလာမှုရှိလေ ရင်းနှီးလေ ဖြစ်သည်။ "ယခုအလည်အပတ်ခရီးစဉ်ဟာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို မြှင့်တင်ပေးတဲ့ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာ-ယူနန် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်အောင် မြှင့်တင်ပေးရာမှာ အင်မတန်အရေးပါတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်" ယူနန်ပြည်နယ် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည့် သတင်းကို မြန်မာနိုင်ငံ The Northern Light ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းတင်က အလွန်စိတ်ဝင်စား အာရုံစိုက်ခဲ့လေသည်။

"ကျွန်တော်က တရုတ်ပြည် နေရာတော်တော်များများကို ရောက်ဖူးပါတယ်။ ယူနန်က ကျွန်တော့်ကို အလှဆုံး အမှတ်တရတွေ ပေးခဲ့ပါတယ်" ၁၉၉၇ ခုနှစ်တွင် ဦးဝင်တင်သည် မြန်မာနိုင်ငံစာရေးဆရာများ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တာ့လီ ပိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် တယ်ဟုန် တိုင်နှင့်ဂျိန်ဖော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့သို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ရွှေလီမြို့သို့ ရောက်ရှိစဉ် သူသည် တရုတ်-မြန်မာနယ်စပ် မှတ်တိုင်အမှတ် ၇၁ နံဘေးက နှစ်ပြည်တစ်ရွာသို့ သွားရောက်လေ့လာခဲ့သည်။ ရွာထဲသို့ ဝင်သွားခဲ့စဉ် နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူများ ရေတွင်းတစ်တွင်းတည်းမှ ရေကို အတူသောက်သုံးကြ၍ ဈေးတစ်ဈေးတည်းတွင် အတူရောင်းဝယ်ဖောက်ကားကြသည့် မြင်ကွင်းကို ယနေ့တိုင် သူ မမေ့နိုင်သေးပါ ... "အဲဒါ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရဲ့ အကောင်းဆုံး နမူနာပဲ ဖြစ်ပါတယ်" ဦးဝင်းတင်က စစ်မှန်သည့် ရင်တွင်းစကားကို လက်ထဲက ကလောင်ဖြင့် စာအုပ်ထဲတွင် ရေးချလိုက်ပါသည်။

ယခုနှစ်များတွင် ဦးဝင်းတင်သည် ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် ရှိခဲ့သည်။ "ရပ်ဝန်းနှင့်ပိုးလမ်းမ"စီမံကိန်းသည် ရွှေလမ်းငွေလမ်း ဖြစ်၍ မျှော်လင့်ချက်များအပြည့်ရှိကာ ကမ္ဘာကြီးအား အကျိုးကျေးဇူးပြုသည်ဟု သူက မြင်ပါသည်။ ယူနန်သည် မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ၍ တောင်အာရှ၊ အရှေ့တောင်အာရှတို့နှင့် အိမ်နီးချင်း ဖြစ်သောကြောင့် ထိုပထဝီတည်နေရာအားသာချက်ဖြင့် တရုတ်နိုင်ငံ၏ "ရပ်ဝန်းနှင့်ပိုးလမ်းမ"တည်ဆောက်ရေးနှင့် ရေချိန်မြင့် တံခါးဖွင့်ရေးတို့အတွက် သော့ချက်များထဲက တစ်ခုအနေဖြင့် ဖြစ်လာခဲ့လေသည်။

"ဒီနှစ် မတ်လ ၇ ရက်နေ့မှာ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး ဝမ်နင်းထံမှ အွန်လိုင်းမိတ်ဆွေများထံသို့ ရေးတဲ့ စာတစ်စောင်ကို ကျွန်တော် ဖော်လို လုပ်ရင်း 'Special Yunnan Lifestyle' ကို ခံစားကြည့်ခဲ့ရပါတယ်" ဧပြီလ ၈ ရက်နေ့တွင် ဦးဝင်တင်သည် သူ၏ ၇ ကြိမ်မြောက် ယူနန်ခရီးစဉ်အတွက် ရန်ကုန်မြို့မှ ထွက်ခွာ၍ တယ်ဟုန်ပြည်နယ်ခွဲသို့ ရောက်ရှိလာပြီး မိတ်ဆွေဟောင်းများနှင့် ချစ်ကြည်ရင်းနှီးမှုအကြောင်းများ ပြောဆိုကာ 'Special Yunnan Lifestyle' ကို လက်တွေ့ခံစားကြည့်ခဲ့ပါသည်။