တရုတ်ဈေးကွက်တွင် မြန်မာ့ဆန်ကို ချီးမွမ်းကြ

Yunnan Gateway, May 8, 2023
Size:

မေလ ၅ ရက်နေ့တွင် ပထမအကြိမ် ဟူနန် (ဟွမ်းဟွာ) RCEP စီးပွားရေးနှင့် ကုန်သွယ်မှု ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ယခုအကြိမ်ကုန်စည်ပြပွဲသည် "ပူးပေါင်းဆောင်ရွက်မှုအသစ်၊ အခွင့်အလမ်းအသစ်၊ အနာဂတ်အသစ်" ဟူသော ဆောင်ပုဒ်ဖြင့် RCEP ("ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်") အဖွဲ့ဝင်နိုင်ငံများအတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများ အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲတွင် ဂုဏ်ပြုနိုင်ငံဖြစ်သည့် လာအိုနှင့် မြန်မာ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့ အပါအဝင် RCEP နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ အထူးကုန်စည်ပြပွဲများအား ခင်းကျင်းပြသထားပါသည်။ မြန်မာနိုင်ငံပြခန်း၌ ပါဝင်တက်ရောက်ကြသည့် လုပ်ငန်းအဖွဲ့များသည် မြန်မာ့ဆန်၊ ဆန်ကွဲ၊ သရက်သီး၊ ကော်ဖီ၊ ပယင်း၊ သစ်သားလက်မှုပစ္စည်းစသည့် မြန်မာ့ လယ်ယာထွက်ကုန် နှင့် လက်မှုပစ္စည်းများကို ပြသကြပါသည်။

“အခု လောလောဆယ်မှာ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကနေ ဆန်ကွဲတွေကို တရုတ်နိုင်ငံကို တင်ပို့နေပါတယ်။ ဆန်မှုန့်အပါအဝင် ဆန်ထွက်ကုန်တွေကို ထုတ်လုပ်ပါတယ်” ဟု တရုတ်-မြန်မာ လယ်ယာစိုက်ပျိုးရေးနည်းပညာကုမ္ပဏီလီမိတက်မှ ဟွမ်ကွေ့ယုံက ပြောကြားပါသည်။

ဤကုန်စည်ပြပွဲတွင် ပါဝင်ခဲ့သည့် ကွမ်ရှီးစိန်းဝေးသာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကုမ္ပဏီလီမိတက် (Guangxi Shengweida International Trade Co., Ltd.)သည် ကွမ်ရှီးစားသုံးသူများအကြား ရေပန်းစားသည့် မြန်မာ့ဆန်ကို ခရုမြီးရှည်အဖြစ် ထုတ်လုပ်ရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့ဆန်ကွဲသည် ဆန်ခေါက်ဆွဲထုတ်လုပ်ရာတွင် သဘာဝကပေးစွမ်းသော အားသာချက်များရှိပြီး အမျိုးတူထုတ်ကုန်များထက် ပို၍ ကောင်းမွန်ပါသည်။ ထို့အပြင် မြန်မာ့ဆန်ကွဲဖြင့် ထုတ်လုပ်သည့် ခရုမြီးရှည်များသည် တရုတ်စျေးကွက်တွင် အရောင်းသွက်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချနေပါသည်။ (ဆောင်းပါးအရင်းအမြစ် - မြန်မာနိုင်ငံ “ရွှေဇာမဏီ”တရုတ်စာသတင်းစာ။ ဘာသာပြန် - Yunnan gateway)