၃၁ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်ဘီး ပြပွဲ ဖွင့်လှစ်

Yunnan Gateway, May 8, 2023
Size:

မေလ ၅ ရက်နေ့က “ပိုမိုလုံခြုံမှု၊ ပိုမိုစမတ်ရှိမှု၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုမို နည်းပါးမှု” ဆောင်ပုဒ် ဖြင့် ၃၁ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်ဘီးပြပွဲကို ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာပြပွဲစင်တာသစ်၌ ဖွင့်လှစ်ခဲ့ပါသည်။

ယခုအကြိမ်ပြပွဲ တွင် လုပ်ငန်းကုမ္ပဏီ ၁၂၀၀ကျော် ပါဝင်ပြသခဲ့ ကြပါသည်။ အဆိုပါ ပြပွဲတွင် နိုင်ငံတကာ တံဆိပ်များပြခန်း၊ စက်ဘီးပြခန်း၊ အပိုပစ္စည်းများပြခန်း၊ လျှပ်စစ် စက်ဘီးနှင့်အပိုပစ္စည်းများပြခန်း၊ ကလေးစက်ဘီးပြခန်း နှင့် ပြင်ပ စက်ဘီးစီး အသုံးအဆောင် ပစ္စည်းများ ပြခန်းများ ပြသ ထားပါသည်။