တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင် ကျန်းဖုန်နယ်စပ်ဂိတ်၏ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးပမာဏမှာ တရုတ်ယွမ် ၁ ဘီလီယံ ကျော်ရောက်ရှိ

Yunnan Gateway, May 6, 2023
Size:

ဧပြီလ ၂၄ ရက်နေ့တွင် ဖရဲသီးများ အပြည့် တင်ဆောင်ထားသော ကုန်တင်ကားတစ်စီးသည် ယူနန်ပြည်နယ် လုံချွမ်းခရိုင် ကျန်းဖုန်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာပါသည်။ ယခုနှစ်အစပိုင်းမှစပြီး ဧပြီလ ၂၄ ရက်နေ့အထိ ကျန်းဖုန်နယ်စပ်ဂိတ်တွင် အဝင်အထွက် ကုန်တင်ယာဉ် ၁၂၀၀၀ စီးရှိပြီး ၂၀၂၂ ခုနှစ်အတွင်း အဝင်အထွက် ကုန်တင်ယာဉ် စုစုပေါင်းပမာဏ၏ ၈၀ % ရှိကာ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးပမာဏမှာ တရုတ်ယွမ် ၁ ဘီလီယံ ကျော်ရှိကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သတင်းအရ သိရပါသည်။

ကျန်းဖုန်နယ်စပ်ဂိတ်သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ အမျိုးသားဒုတိယအဆင့် နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ သွင်းကုန်များမှာ အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် ဘေးထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများ ဖြစ်ပြီး ပို့ကုန်အများစုမှာ နေ့စဉ်သုံးပစ္စည်းများ၊ စက်ကိရိယာများနှင့် ဓာတ်မြေသြဇာများဖြစ်သည်။

ကျန်းဖုန်နယ်စပ်ဂိတ်သည် အွန်လိုင်းတွင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်မှုနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ပူးပေါင်းစစ်ဆေးရေးဌာနများနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအဖွဲ့များနှင့် ဆက်သွယ်မှုကို မြှင့်တင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို အချိန်မီ ဆုပ်ကိုင်သိရှိပြီး ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးအစီအမံများကို စဉ်ဆက်မပြတ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြောင်း၊ ပို့ကုန်သွင်းကုန်များအား အရည်အသွေးမြင့်စွာ အကောက်ခွန်ကင်းရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)