“လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာနှင့် လုပ်ဆောင်ချက်မူဘောင်(၂၀၂၃-၂၀၂၇)” ထုတ်ပြန်

lmcchina.org, May 6, 2023
Size:

၂၀၂၃ ခုနှစ် ”လန်ချန်း-မဲခေါင် ရက်သတ္တပတ်” လှုပ်ရှားမှုအခမ်းအနား မကြာသေးမီက ပြီးဆုံးသွားပြီးနောက်   “လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာနှင့် လုပ်ဆောင်ချက်မူဘောင်(၂၀၂၃-၂၀၂၇)” ထုတ်ပြန်ခြင်းအခမ်းအနားကို ပေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။

ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ Sun Xuefeng၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တရုတ်အတွင်း‌ရေးမှူးအဖွဲ့မှ Geng Cong၊ လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်‌ရေးစင်တာ၊ ‌ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန နိုင်ငံခြားပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာ ဒုတိယညွှန်ကြားရေးမှူး Li Yonghong၊ လာအို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Souksamone Pathammavong၊ မြန်မာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး၊ ကမ္ဘောဒီးယား ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ ထိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ ကိုယ်စားလှယ်တို့က အဆိုပါစာတမ်းကို အတူထုတ်ပြန်ခဲ့ကြသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်အတွက် စင်တာသည် မဟာဗျူဟာပြင်ဆင်မှုအဆင့်သစ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်နေကြောင်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန နိုင်ငံခြားပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစင်တာ ဒုတိယညွှန်ကြားရေးမှူး Li Yonghong က ပြောကြားခဲ့သည်။ လာမည့် ၅ နှစ်အတွင်း စားပွဲဝိုင်းဆွေးနွေးပွဲနှင့် စွမ်းရည်မြှင့်တင်ရေး၊ ဂေဟစနစ် စီမံခန့်ခွဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု သင့်လျော်မှုစေရေးနှင့် လျော့ပါးစေရေး၊ ပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေး၊ အသိပညာ မြှင့်တင်မျှဝေပေးရေး စသည့်ဦးစားပေးကဏ္ဍငါးခုကို ဗဟိုပြုပြီး လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်‌ရေးသည် ဒေသတွင်းကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကုလသမဂ္ဂ ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း၏ တွန်းအား ဖြစ်ကြောင်း Li Yonghong က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယင်းမဟာဗျူဟာသည် လန်ချန်း-မဲခေါင် သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်ရေး ဒုတိယကာလ၏ ထိပ်တန်းအဆင့်စာတမ်း ဖြစ်သည်။ ၎င်း၏ထုတ်ပြန်မှုနှင့် အကောင်အထည်ဖော်မှုသည် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ၏ထိပ်သီးအစည်းအဝေးနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက် ငါးနှစ်စီမံကိန်း (၂၀၂၃-၂၀၂၇) အတွက် အရေးကြီးသောပံ့ပိုးကူညီမှု ဖြစ်ကြောင်း သိရသည်။