တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းစသည့် နိုင်ငံ ၄ ခုတို့သည် ၁၂၈ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးကို စတင်ခဲ့

Yunnan Gateway, May 4, 2023
Size:

ဧပြီလ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် တရုတ်တရားဥပဒေစိုးမိုးရေး သင်္ဘော ၃ စင်းသည် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားပြည်နယ်ခွဲရှိ ကျင်းဟ လုံခြုံရေးဆိပ်ခံမှ တဖြည်းဖြည်းချင်း ထွက်ခွာကာ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးကို စတင်ခဲ့သည်။

အဆိုပါ ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးသည် ၄ ရက် ၃ ည ကြာမြင့်မည်ဖြစ်ပါသည်။ လေးနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အာရုံစိုက်ကာ ပူးတွဲကင်းလှည့်ခြင်းနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ မြစ်ဝှမ်းဒေသ၏ ဘေးကင်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးပမ်းခြင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

၎င်းစစ်ဆင်ရေးမစတင်မီတွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းစသည့် နိုင်ငံ ၄ ခုတို့မှ တရားဥပဒေစိုးမိုးရေးဌာနများသည် ဗီဒီယိုအစည်းအဝေးမှတစ်ဆင့် စစ်ဆင်ရေးမှူးများ ပူးတွဲအစည်းအဝေးနှင့် သတင်းဖလှယ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ ယခုရက်ပိုင်းတွင် မဲခေါင်မြစ်ဝှမ်းတွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအခြေအနေများကို ပူးတွဲခွဲခြမ်းစိတ်ဖြာစစ်ဆေး စီရင်ကာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး အစီအမံများကို ဆွေးနွေးကြပါသည်။(ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)