ပေါင်စန်းမြို့ ကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်သို့ သွားရောက်ဖလှယ်ခဲ့

Yunnan Gateway, May 4, 2023
Size:

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ မြစ်ကြီးနားမြို့သို့ သွားရောက်ဖလှယ်ပြီး ကချင်ပြည်နယ် ကြက်ခြေနီအသင်း ကြီးကြပ်ရေးကော်မတီသို့ တရုတ်ယွမ် ၃၀၀,၀၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ပေါင်စန်းသတင်းကွန်ရက်မှ သိရပါသည်။

အဆိုပါဖလှယ်ခရီးစဥ်တွင် ၎င်းကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်ဆေးရုံ၊ မြစ်ကြီးနားတက္ကသိုလ်နှင့် မြစ်ကြီးနားမြို့ရှိ မေတ္တာရင်ခွင်မိဘမဲ့ကျောင်းစသည့် နေရာများသို့ သွားရောက်လေ့လာပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

နက်ရှိုင်းစွာ ဖလှယ်ရာတွင် နှစ်ဦးနှစ်ဖက်တို့သည် ဆေးကုသမှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်းနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစသည့် ကဏ္ဍ ၅ ခုတို့တွင် အကြိုသဘောတူညီမှု ရရှိခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန် နှစ်ဦးနှစ်ဖက်တို့သည် အဆင့်ဆင့် အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း ရရှိထားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ပေါင်စန်းသတင်းကွန်ရက် (www.baoshan.cn)။ ဘာသာပြန် - Yunnan gateway)