ရှီကျင့်ဖိန်သည် တရုတ်နှင့် ကမ္ဘာ့ပညာမူပိုင်ခွင့် အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ပြုလုပ်သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းနှင့် မိတ်ဆက်ဖြန့်ချိမှု သီတင်းပတ် လှုပ်ရှားမှု ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

Yunnan Gateway, April 28, 2023
Size:

ယခုလ ၂၆ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် ကမ္ဘာ့ပညာ မူပိုင်ခွင့် အဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ပြုလုပ်သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းနှင့် မိတ်ဆက်ဖြန့်ချိမှု သီတင်းပတ် လှုပ်ရှားမှုထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း တရုတ်ပြည်သည် နိုင်ငံတကာ ပညာ မူပိုင်ခွင့် ဆိုင်ရာ ဘက်ပေါင်းစုံ စနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်း ကာကွယ်ပြီး ကမ္ဘာ့ ပညာ မူပိုင်ခွင့် အဖွဲ့ အကြား ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးချဲ့ နက်ရှိုင်းစေကာ အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာ့ ပညာ မူပိုင်ခွင့် အဖွဲ့ အကြားရှိ မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး ကမ္ဘာ့ ပညာ မူပိုင်ခွင့် စီမံခန့်ခွဲရေး စနစ်ကို ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် လားရာသို့ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွဲ တွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။