လန်ချန်း-မဲခေါင်မြစ်ဝှမ်း စိမ့်မြေ‌ဒေသများ စဥ်ဆက်မပြတ် စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းမှ လန်ချန်း-မဲခေါင်ဝါဒဖြန့်ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပ

lmcchina.org, April 28, 2023
Size:

ယခုရက်ပိုင်းများတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်း စိမ့်မြေဒေသများ စဥ်ဆက်မပြတ် စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းမှ လန်ချန်း-မဲခေါင် အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပခဲ့ရာ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့် ၅ နိုင်ငံမှ ကိုယ်စားလှယ် ၁၄ ဦးက အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြကြောင်း သိရပါသည်။

တရုတ်ကိုယ်စားလှယ်များသည် စီမံကိန်းကာလအစောပိုင်းလုပ်ငန်းများကို ခြုံငုံသုံးသပ်ပြောကြားပြီး တရုတ်နိုင်ငံရှိ စိမ့်မြေဒေသ ကာကွယ်ရေးအခြေအနေနှင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်း စိမ့်မြေဒေသ ကာကွယ်ရေး မဟာဗျူဟာစီမံကိန်းကို မိတ်ဆက်ပြောကြားခဲ့သည်။ အခြားလေးနိုင်ငံမှ ကိုယ်စားလှယ်များသည် စီမံကိန်း ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အကြံပြုချက်များနှင့် သဘောထားအမြင်များကို တင်ပြကြသည်။

လန်ချန်း-မဲခေါင်မြစ်ဝှမ်းသည် စိမ့်မြေဒေသ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွင် မြစ်ဝှမ်းအတွင်းနိုင်ငံများမှ တည်ထောင်ထားသော ပထမဆုံး ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ် ဖြစ်ပြီး ‌စိမ့်မြေဒေသကာကွယ်ရေး၊ နည်းပညာတင်ပို့ခြင်း၊ ဝန်ထမ်းလေ့ကျင့်ရေးစသည်တို့ဖြင့် အတူပျိုးထောင်ခြင်း၊ အတူတည်ဆောက်ခြင်းနှင့် အတူမျှဝေခြင်း ရှိသော ပူးပေါင်းဆောင်ရွက်ရေးယန္တရားတစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် တရုတ်နိုင်ငံ၏ မြစ်ဝှမ်းအတွင်း စိမ့်မြေဒေသ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် ဂေဟစနစ် တည်ဆောက်မှု အောင်မြင်မှုများအကြောင်း ကမ္ဘာကို ပိုမိုသိရှိစေမည် ဖြစ်ကြောင်း၊ ထို့ပြင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တက်ကြွစွာ ထမ်းဆောင်ပြီး နိုင်ငံတကာ စိမ့်မြေ‌ဒေသဆိုင်ရာ သဘောတူစာချုပ်အရ လိုက်နာဆောင်ရွက်သည့် နိုင်ငံကြီးရုပ်ပုံကို တစ်ဆင့်တိုးတည်ဆောက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြစ်ဝှမ်းအိမ်နီးချင်းနိုင်ငံများကြား ဘက်စုံကောင်းမွန်သော အိမ်နီးချင်းကောင်းဆက်ဆံရေးကို မြှင့်တင်မည်ဖြစ်ကြောင်း သိရပါသည်။