၂၀၂၃ တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် လန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် ကျင်းပ

lmcchina.org, April 28, 2023
Size:

ဧပြီလ ၂၂ ရက်နေ့တွင် “လန်ချန်း-မဲခေါင် အတူတကွချမ်းသာရေးအိပ်မက်ကို လက်တွဲထူထောင်၊ ဆင်းရဲမှုပပျောက်ရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွဲဆောင်ရွက်” ဟူသောခေါင်းစဉ်ဖြင့် ၂၀၂၃ တရုတ်နိုင်ငံ ကျဲကျန်းပြည်နယ် လန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်ကို အွန်လိုင်းနှင့် အွန်လိုင်းမဟုတ်သောပုံစံတို့ဖြင့် ကျင်းပခဲ့သည်။ ဖိုရမ်တွင် ကျဲကျန်းပြည်နယ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အတူတကွ ကြွယ်ဝချမ်းသာခြင်း စံပြဇုန်ကို လက်တွေ့နမူနာအဖြစ် လေ့လာ၍ ကျဲ့ကျန်းပြည်နယ်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ပြီး “တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး” ဟူသောအဆိုပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေသည်။

၎င်းဖိုရမ်တွင် ဝူယစ်ခရိုင်၊ ဝင်းကြိုးသိပ္ပံပညာကောလိပ်၊ ယွိဟွမ်မြို့ ရှန့်ကျန့်ထိုကျေးရွာ၊ Chint Group၊ လာအိုလူငယ်များကိုယ်စားလှယ်အဖွဲ့တို့သည် “တောင်ပေါ်မှ အောက်ဆင်း၍ အတူချမ်းသာလာခြင်း၊ လူငယ်များလုပ်ငန်းထူထောင်ခြင်းဖြင့် အတူချမ်းသာလာြခင်း၊ ရွာသူများ ရှယ်ယာကိုင်ခြင်းဖြင့် ချမ်းသာလာခြင်း၊ အစိမ်းရောင်ဖွံဖြိုးတိုးတက်ခြင်း၊ ပညာတော်သင် လုပ်ငန်းထူထောင်ခြင်း စသောခေါင်းစဉ်များဖြင့် အချင်းချင်း ဖလှယ်ကြသည်။ ထို့ပြင် ညီအစ်မမြို့၊ ကျန်းမာရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်များကိုလည်း ချုပ်ဆိုခဲ့ပေသည်။