စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာ့အချက်အလက်ဖိုရမ်ထံသို့ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

Yunnan Gateway, April 27, 2023
Size:

ဧပြီလ ၂၄ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာ့အချက်အလက်ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ ပါသည်။

ထိုသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးမှာ လူ့အဖွဲ့အစည်း သာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်ရန် မလွှဲမသွေ ရွေးချယ်မှုပင် ဖြစ်ကြောင်း၊ အားကောင်းပြီး မြစိမ်းရောင်ဖြစ်သော တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၏ တူညီသော ဆန္ဒ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး မူဘောင်အတွင်းတွင် နိုင်ငံတကာ အချက်အလက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းစေရန်၊ “အချက်အလက်စီမံအုပ်ချုပ်မှု”ဖြင့် ၂၀၃၀ ပြည့်နှစ် ကုလသမဂ္ဂ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထာ်ဖော်ဖို့ အထောက်အကူပြုရန်၊ တံခါးဖွင့်မှု ရှိပြီး အပြန်အလှန်အကျိုးရရှိစေသော အချက်အလက်နယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအနေအထားကို တည်ဆောက်ပြီး နိုင်ငံအသီးသီးတို့ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။