တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်တင်ရထား ဓာတ်မြေသြဇာ အထူးရထား ကျန်းစူးပြည်နယ်မှ စတင် ပြေဆွဲ

Yunnan Gateway, April 27, 2023
Size:

ဧပြီလ ၂၅ ရက်နေ့တွင် ဓာတ်မြေသြဇာ TEU (Twenty-feet Equivalent Unit) ၇၀ကို တင်ဆောင်ထားသော ကုန်တင်ရထားတစ်စီးသည် နန်ကျင်း မီးရထားကုန်စည်ပို့ဆောင်ရေးစင်တာ၏ ဟိုင်အန်း ကုန်စည်ပို့ဆောင်ရေးစခန်းမှ ထွက်ခွာပြီး လာအိုနိုင်ငံ Luang Prabangသို့ ဦးတည်ပြေးဆွဲကာ ကျန်းစူးပြည်နယ်မှ ပထမဆုံး တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်တင်ရထား ဓာတ်မြေသြဇာ အထူးရထားစတင်ပြေးဆွဲခြင်းကို ဖော်ပြနေပါသည်။ ယင်းအထူးရထားသည် ယူနန်ပြည်နယ် မိုဟန် ဘူတာဂိတ် မှတစ်ဆင့် လာအိုနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး စုစုပေါင်း ၃၄၆၉ ကီလိုမီတာကို ပြေးဆွဲမည် ဖြစ်ပါသည်။