ရှီကျင့်ဖိန်သည် အာရှ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ညီလာခံထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

Yunnan Gateway, April 26, 2023
Size:

ယခုလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာရှယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ညီလာခံထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က အာရှသည် လူသားယဉ်ကျေးမှု၏ မြစ်ဖျားခံရာဒေသ ဖြစ်ပြီး အလွန် ကြွယ်ဝသော ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းထားကာ ကမ္ဘာ့ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းတွင် အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထို့အပြင် ရှီကျင့်ဖိန်က အာရှယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တည်ထောင်ရေးသည် အာရှယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းကာကွယ်ခြင်း အားဖြည့်ဆောင်ရွက်ရေး၊ အာရှ ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း နက်ရှိုင်းစေရေး၊ လူသားယဉ်ကျေးမှု တိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် အတွက် အကျိုးရှိကြောင်း အလေးထား ဖော်ပြပါသည်။