လန်ချန်း-မဲခေါင် ရက်သတ္တပတ် ဂုဏ်ပြုလှုပ်ရှားမှုကို တရုတ်-အာဆီယံ စိုက်ပျိုးရေးသွင်းအားစု ကုန်သည်ကြီးများအသင်း ကျင်းပ

lmcchina.org, April 25, 2023
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း ၇ နှစ်ပြည့်အခါသမယတွင် တရုတ်-အာဆီယံ စိုက်ပျိုးရေးသွင်းအားစု ကုန်သည်ကြီးများအသင်းသည် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်ကို အတူဂုဏ်ပြု၍ လန်ချန်း-မဲခေါင် မေတ္တာတရားအား အတူဖော်ပြမည်ဟူသောခေါင်းစဥ်ဖြင့် ၂၀၂၃ ခုနှစ် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်” ဂုဏ်ပြုလှုပ်ရှားမှုများ ကျင်းပသည်။ ယင်းလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်မှာ စိုက်ပျိုးရေးသွင်းအားစုကဏ္ဍတွင် အပြုသဘောဆောင်သောအောင်မြင်မှုများကို မိတ်ဆက်ရန်အတွက်လည်းကောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများတွင် ပါဝင်သည့် အခြေအနေနှင့် ထိရောက်မှုကို ပြောကြားရန်အတွက်လည်းကောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ ကောင်းသောအကျိုးသက်ရောက်မှုနှင့် အလားအလာကောင်းများကို ပြသရန်အတွက်လည်းကောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှုများကို "လန်ချန်း-မဲခေါင် စိုက်ပျိုးရေးသွင်းအားစု ကုန်သွယ်စီးပွားနည်းပညာဆိုင်ရာ ဘက်စုံသတင်းအချက်အလက်ပလက်ဖောင်း"၊ "တရုတ်-အာဆီယံ စိုက်ပျိုးရေးသွင်းအားစုကွန်ရက်"နှင့် ကုန်သည်ကြီးများအသင်း၏ တရားဝင် WeChat တို့တွင် ကော်လံတစ်ခု ဖွင်လှစ်ပြီး သတင်းအချက်အလက်ဆိုင်ရာဆောင်းပါးများ၊ အထူးဆောင်းပါးများ ရေးသားခြင်း၊  "Short Video + စာသား” ဖန်တီးခြင်း၊  "လန်ချန်း-မဲခေါင် ရက်သတ္တပတ်" အထူးစာစောင်များ ထုတ်ဝေခြင်း စသည့်ပုံစံများဖြင့် ကျင်းပသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်-အာဆီယံ စိုက်ပျိုးရေးသွင်းအားစု ကုန်သည်ကြီးများအသင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို စိတ်အားထက်သန်စွာ ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေနှင့် ကုန်သည်ကြီးများ၏အခန်းကဏ္ဍ ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ "၂၀၂၃ လန်ချန်း-မဲခေါင် စိုက်ပျိုးရေးသွင်းအားစု ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး"ကို စီစဉ်ကျင်းပမည် ဖြစ်ကြောင်း၊ “လန်ချန်း-မဲခေါင် စိုက်ပျိုးရေးသွင်းအားစု ကုန်သွယ်စီးပွားနည်းပညာ ဘက်စုံသတင်းအချက်အလက်ပလပ်ဖောင်း” ကဲ့သို့သော အဓိကလုပ်ငန်းဆောင်တာများ အဆင့်မြှင့်တင်တည်ဆောက်မည် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာအစိုးရဌာနများ၊ သမဝါယမများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ စသည့်ကူးလူးဆက်ဆံမှုများ၊ ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်-အာဆီယံ စိုက်ပျိုးရေးသွင်းအားစု ကုန်သွယ်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ထဲထဲဝင်ဝင် ရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။