တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ကော်ယွမ် ဆိပ်ကမ်းက ယခုနှစ်တွင် ပြည်တွင်းပြည်ပ ကုန်သွယ်မှု နှစ်ခုလုံး တိုးတက်လာခဲ့

Yunnan Gateway, April 24, 2023
Size:

တရုတ်နိုင်ငံ ယန်ဇီမြစ်ကြောင်း ချုံချင့်မြို့အပိုင်းရှိ ကော်ယွမ်ဆိပ်ကမ်းသည် တရုတ်နိုင်ငံပြည်တွင်းမြစ်ကြောင်းများရှိ အကြီးဆုံးသော ရေလမ်း-ကုန်းလမ်း-မီးရထားလမ်း နည်းလမ်းအသွယ်သွယ်ဖြင့် ချိတ်ဆက် သယ်ယူပို့ဆောင်နိုင်သော အချက်အချာကျသည့် ဆိပ်ကမ်း ဖြစ်သည်။

ယခုနှစ် ပထမ သုံးလပတ်တွင် ကော်ယွမ်ဆိပ်ကမ်း၌ ကုန်စည်စီးဆင်းပမာဏ တန်ချိန် ၆.၁၉ သန်းကို ဆောင်ရွက်နိုင်ခဲ့ရာ ပြီးခဲ့သည့် ကာလတူထက် ၉.၉ ရာခိုင်နှုန်း ၊ ကွန်တိန်နာ အဝင်အထွက်ပမာဏ TEU ၂၃၁,၀၀၀ ရှိရာ ပြီးခဲ့သည့်ကာလတူထက် ၁၆.၄ ရာခိုင်နှုန်း၊ လုပ်ငန်းသုံးယာဉ်ဝင်ထွက်သွားလာမှုပမာဏ အစီးရေ ၉၁,၀၀၀ ရှိရာ ပြီးခဲ့သည့်ကာလတူထက် ၁၆ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ ၎င်းမှာ ၃ နှစ်တာအတွင်း ပထမဆုံး ပြည်တွင်းပြည်ပ ကုန်သွယ်ရေးနှစ်ခုစလုံး တိုးတက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းငယ်လေးမှ ယန်ဇီမြစ်ညာပိုင်းရှိ အကြီးဆုံးဆိပ်ကမ်းအဖြစ် ပြောင်းလဲလာသော ၁၀ နှစ်ကြာကာလတွင် ကော်ယွမ်ဆိပ်ကမ်းသည် ပို၍ လွယ်ကူမြန်ဆန်သော၊ ပို၍စမတ်ကျသော၊ ပို၍အစိမ်းရောင်ဖြစ်သော လမ်းသို့ အရှိန်မြှင့် လျှောက်လှမ်းခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ချိန်တူး၊ချုံချင့်ဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝိုင်း၏ ပြတင်းပေါက်ဖြစ်လာခဲ့ပြီး ယန်ဇီမြစ်ညာကလည်း ကမ္ဘာနှင့်ဆက်သွယ်သော အချက်အချာနေရာ ဖြစ်လာခဲ့သည်။ (Xinhua)