တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံက လယ်သမားများ ဝင်ငွေတိုးစေရန် မျိုးစေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

Yunnan Gateway, April 24, 2023
Size:

မြူခိုးများနှင့် မိုးဖွဲဖွဲများကျဆင်းနေသော်ငြားလည်း အသက် ၄၈ နှစ်အရွယ် လျန်ကျုံးဝူသည် ထိုင်းနိုင်ငံမှ ဖရုံသီးအမျိုးအစားဖြစ်သော Srimuang ဖရုံသီးများ ခူးဆွတ်ရန် နံနက်အစောပိုင်း၌ နောက်လိုက်ရွာသားနှစ်ဦးနှင့်အတူ ၎င်း၏လယ်ကွင်းဆီသို့ အလျင်စလိုသွားခဲ့သည်။

“ဒီဖရုံသီးမျိုးက ချိုပြီး အရသာကောင်းတယ်။ ပြီးတော့ အထွက်နှုန်းမြင့်ပြီး ကြီးထွားတာလည်း မြန်တယ်”ဟု လျန်က ဆိုသည်။ ၎င်း၏လယ်ကွင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ ဆင်ခြေဖုန်းတစ်ခုတွင် တည်ရှိသည်။

အဆိုပါ ဖရုံသီးအမျိုးအစားသည် တစ် mu (၀.၀၇ ဟက်တာခန့်) လျှင် ယွမ် ၅,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၇၂၇ ခန့်) ဝင်ငွေရရှိကြောင်း ၎င်း၏ဖရုံသီး ၄.၇ ဟက်တာက ၎င်း၏ မိသားစုအတွက် ပင်မဝင်ငွေတစ်ခုလည်းဖြစ်သည်။ (Xinhua)