မြန်မာနိုင်ငံဘဏ်များအသင်းကိုယ်စားလှယ်အဖွဲ့ တယ်ဟုန်ပြည်နယ်ခွဲတွင် လေ့လာလည်ပတ်ခဲ့

Yunnan Gateway, April 24, 2023
Size:

ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဘဏ်များအသင်းကိုယ်စားလှယ်အဖွဲ့သည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့၊ ရွှေလီမြို့နှင့် လုံချွမ်းခရိုင်သို့ သွားရောက် လေ့လာခဲ့ကြကြောင်း သိရပါသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ဝမ်တိန် မန်မန်းလမ်းကြောင်း၊ ကျယ်ခေါင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ လုံချွမ်းကျန်းဖုန်းနယ်စပ်ဂိတ်စသည့် နေရာများသို့ သွားရောက်ခဲ့ပါသည်။ ဘဏ်နှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ နယ်စပ်ဂိတ်ကုန်သွယ်မှုနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်မှုစသည့် နယ်ပယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လေ့လာခဲ့ကြပါသည်။

ဧပြီလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ဖလှယ်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဘဏ်လုပ်ငန်း အဖွဲ့အစည်းများသည် RMB နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်သို့ ပါဝင်ပေါင်းစည်းရေး၊ တရုတ်-မြန်မာ ဘဏ်များအကြား အပြန်အလှန် အပ်ငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် အေဂျင်စီ ဘဏ်လုပ်ငန်း ထူထောင်ရေး၊ တယ်ဟုန်-မူဆယ် ဒေသတွင်း ဘဏ်များအကြား ငွေလဲနှုန်း ပူးတွဲကြေညာခြင်း၊ တရုတ်-မြန်မာ ကုန်သွယ်မှု ငွေပေးချေမှုလမ်းကြောင်းများ ချောမွေ့စေခြင်း၊ ဘဏ္ဍာရေးစံညွှန်းကျသော ဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက အမိနိုင်ငံသို့ ငွေပို့ခြင်းစသည့် အကြောင်းအရာ ၁၁ ခုအား နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)