တရုတ်နိုင်ငံ လင်ချန်း-ချင်ရွှေဟော် မီးရထားသည် ပဏာမအခြေခံတည်ဆောက်မှုအဆင့်သို့ တရားဝင် ရောက်ရှိလာပြီဖြစ်

Yunnan Gateway, April 21, 2023
Size:

ဧပြီလ ၁၈ ရက်နေ့တွင် တရုတ်အမျိုးသား ရထား အုပ်စုအဖွဲ့ (China State Railway Group) ပစ္စည်းဝယ်ယူမှုပလက်ဖောင်း ဝဘ်ဆိုဒ်မှ“လင်ချန်း-ချင်ရွှေဟော် မီးရထား စစ်တမ်းနှင့် ဒီဇိုင်းပရောဂျက် လေလံဆွဲခြင်းဆိုင်ရာ ကြေငြာချက်”ကို ထုတ်ပြန်ခဲ့သည်။ လင်ချန်း-ချင်ရွှေဟော် မီးရထားသည် ပဏာမအခြေခံတည်ဆောက်မှုအဆင့်သို့ တရားဝင် ရောက်ရှိလာပြီဖြစ်ပါသည်။

လင်ချန်း-ချင်ရွှေဟော် မီးရထားသည် တရုတ်-မြန်မာ လမ်းမကြီး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် မြောက်ဘက်ရှိ တာ့လီမှ လင်ချန်းဘူတာအထိ၊ အနောက်တောင်ဘက်ရှိ ဆောင်ကျန်းခရိုင်နှင့် ကိန့်မခရိုင်တို့ကို ဖြတ်သန်းကာ မွန်တင့်ချင်ရွှေဟော်အမျိုးသားပထမအဆင့် နယ်စပ်ဂိတ်တွင် ပြီးဆုံးသည်။ စုစုပေါင်းအရှည်မှာ ၁၆၇ ကီလိုမီတာရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - “ယနေ့ လင်ချန်း”WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)