တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ထိုင်း ဒူးရင်းသီးများ တရုတ်နိုင်ငံ ကူမင်းမြို့သို့ တင်ပို့

Yunnan Gateway, April 21, 2023
Size:

တရုတ်-လာအို ရထားလမ်းမှ တရုတ်နိုင်ငံဈေးကွက်သို့ လျင်မြန်စွာ ဝင်ရောက်ကြသော ထိုင်းပို့ကုန် ကုန်သည်များ များပြားလာခြင်းနှင့်အတူ ဒူးရင်းသီး၊ မင်းကွတ်သီးများ ပါဝင်သော ကွန်တိန်နာ ၂၃ လုံးတင်ဆောင်လာသည့် “သစ်သီးဝလံတင် ရထား”သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဧပြီ ၁၉ ရက်က ရောက်ရှိခဲ့သည်။

အဆိုပါရထားသည် ထိုင်းနိုင်ငံ၏ အဓိက ဘူတာရုံဖြစ်သော Laem Chabang မှ ထွက်ခွာပြီး တရုတ်-လာအို ရထားလမ်းကို ဖြတ်သန်းလာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံက တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်ခဲ့ပြီးနောက် ၃ ရက်အကြာ၌ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိနိုင်သည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် ထိုင်း ဒူးရင်းသီးများတင်ပို့မှု အကြီးဆုံးစျေးကွက်ဖြစ်ပြီး စုစုပေါင်း တင်ပို့မှုပမာဏ၏ ၉၆ % ရှိကာ တင်ပို့မှု စုစုပေါင်းငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၀၉ ဘီလီယံရှိကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)