၂၀၂၃ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဒီဇိုင်းဆွဲမှုပြိုင်ပွဲ၏ဖွင့်ပွဲအခမ်းအနားကို ချုံချင့်မြို့တွင် ကျင်းပ

lmcchina.org, April 21, 2023
Size:

ဧပြီလ ၇ ရက်နေ့တွင် ၂၀၂၃ ချုံချင့်မြို့ ”လန်ချမ်း-မဲခေါင်ရသတ္တပတ်”၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဒီဇိုင်းဆွဲမှုပြိုင်ပွဲ၏ဖွင့်ပွဲအခမ်းအနားကို ချုံချင့်မြို့ ဘိစန်းမြို့နယ်တွင် ကျင်းပခဲ့သည်။ တရုတ်ပြည်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး  Mr. Atthayut Srisamut၊ တရုတ်ပြည်ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံမှူးကြီး စသောမဲခေါင်နိုင်ငံမှ သံတမန်များ၊ ချုံချင့်မြို့၊ ဘိစန်းမြို့နယ်မှ တာဝန်ရှိသူများသည် အထက်ပါအခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနမှ သံမှူး Zuo Wenxing သည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားပေသည်။

ယခုနှစ် ပြိုင်ပွဲ၏စီမံဆောင်ရွက်မှုကော်မတီသည် ချုံချင့်မြို့နှင့် ပူးပေါင်းပြီး ၎င်းအခမ်းအနား၏ ခေါင်းစဉ်ကို “Connect, Communicate, Change” အဖြစ် သတ်မှတ်ထားပြီး “ချုံချင့်ဂုဏ်ပြုအခန်း”ကိုလည်း သီးခြားစီစဉ်ထား၍ ချုံချင့်ထူးခြားချက် ပါရှိသော ဒီဇိုင်ပုံစံများကို ခေါ်ဆောင်ခြင်းဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် ချုံချင့်၏အရေးကြီးပုံကို ဖော်ပြထားသည်။ ထို့ပြင် မဲခေါင်နိုင်ငံများ လူမှုစီးပွားတိုးတက်ရန်အတွက် တရုတ်ပြည်၏ အတွေ့အကြုံ၊ တရုတ်နည်းလမ်း၊ တရုတ်ပညာများကို ဖော်ပြရန် တရုတ်နိုင်ငံ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်မှုနမူနာကိုလည်း ခေါ်ဆောင်စုစည်းသည်။