လူငယ်စွန့်ဦးတီထွင်နိုင်စွမ်းအားကို လန်ချန်း-မဲခေါင် လူငယ်ခေါင်းဆောင်များနှင့် လုပ်ငန်းစွန့်ဦးတီထွင်မှု အရှိန်မြှင့်ရေးစခန်းမှ ဖော်ဆောင်ပေး

lmcchina.org, April 21, 2023
Size:

မကြာသေးမီက ပေကျင်းအပြည်ပြည်ဆိုင်ရာဖလှယ်ရေးအသင်းမှ လျှောက်ထားသည့် လန်ချန်း-မဲခေါင် လူငယ်ခေါင်းဆောင်များနှင့် လုပ်ငန်းစွန့်ဦးတီထွင်မှု အရှိန်မြှင့်ရေးစခန်းစီမံကိန်းကို အတည်ပြုခဲ့ကြောင်း သိရပါသည်။ ယင်းစီမံကိန်းကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့က ပူးတွဲလျှောက်ထားခဲ့ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုကို အောင်မြင်စွာရရှိ ခဲ့ပါသည်။

အဆိုပါစီမံကိန်းသည် စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးတို့ကို အကောင်အထည်ဖော်ရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အပြန်အလှန်ဆက်သွယ်ရေး၊ နိုင်ငံဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့နှင့် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းကို အားထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များ၏စွမ်းရည်ကို ဖော်ဆောင်ပေးခြင်းအားဖြင့် ကပ်ရောဂါအလွန်ခေတ်များတွင် လန်ချန်း-မဲခေါင်ဒေသ၏ ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ပွင့်လန်းလာစေမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများတွင်  ငြိမ်းချမ်းသာယာဝပြောသော အေးအတူပူအမျှ အသိုက်အဝန်းကို ဆောလျဉ်းစွာ တည်ဆောက်နိုင်ရေး အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရပါသည်။

လန်ချန်း-မဲခေါင် လူငယ်ခေါင်းဆောင်များနှင့် လုပ်ငန်းစွန့်ဦးတီထွင်မှု အရှိန်မြှင့်ရေးစခန်းစီမံကိန်းကာလသည် ၂ နှစ်ဖြစ်ပြီး ပေကျင်းအပြည်ပြည်ဆိုင်ရာဖလှယ်ရေးအသင်း (BIEA)၊ ထိုင်းအမျိုးသားသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (NSTDA)၊ ဗီယက်နမ်အာရှစွန့်ဦးတီထွင်မှုစမ်းသပ်ခန်း (InnoLab Asia)တို့ မှ ၂၀၂၁ ခုနှစ် ဇူလိုင်လက ပူးတွဲတည်ထောင်ခဲ့သည် ဖြစ်ကာ လန်ချန်း-မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံအားလုံးပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းသည် လာမည့် ၂ နှစ်အတွင်း လန်ချန်း-မဲခေါင် လူငယ်များ လုပ်ငန်းစွန့်ဦးတီထွင်မှု အရှိန်မြှင့်ရေးစခန်း၊ လန်ချန်း-မဲခေါင် လူငယ်သိပ္ပံပညာရှင်ဖိုရမ်နှင့် လန်ချန်း-မဲခေါင် လူငယ်ခေါင်ဆောင်များ၏ တရုတ်ခရီးစဥ်ဟူသောလှုပ်ရှားမှု ၃ ခုကို ကျင်းပဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။