တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ သင်္ကြန်ပွဲတော်ကို အတူ ဆင်နွှဲကြရအောင်

Yunnan Gateway, April 20, 2023
Size:

ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ လုံးမောကန် ဥယျာဥ် သင်္ကြန်ရင်ပြင်၌ ဗုံသံ၊ သီဆိုရယ်မောသံများ ပျံ့လွင့်လျက်ရှိပါသည်။ ရွှေလီမြို့ သင်္ကြန်ပွဲတော်ကို အတူဆင်နွှဲရန် သောင်းနှင့်ချီသော တိုင်းရင်းသားလူမျိုးများက လာရောက် စုဝေးခဲ့ကြသည်။

ဆုတောင်းအခမ်းအနားတွင် တက်ရောက်လာသော အမျိုးသားများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို ကလေးငယ်များသည် ရာသီဥတုကောင်းပြီး သီးနှံများ ပေါများကာ လာမည့်နှစ်တွင် ပိုမိုကောင်းမွန်သော ဘဝများရရှိရန် ဆုတောင်းမေတ္တာ ပို့သကြသည်။(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)