လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက်လေ့လာရေးစာအုပ်ကို ထုတ်ဝေဖြန့်ချိ

Yunnan Gateway, April 20, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကျေးလက်လုပ်ငန်း ဦးဆောင်အဖွဲ့ရုံးမှ ဦးစီးရေးသားပြုစုသော လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက် လေ့လာရေးစာအုပ်ကို မကြာသေးမီက ပြည်သူ့ဖြန့်ချိ ထုတ်ဝေရေးဌာန၊ တရုတ်လယ်ယာစိုက်ပျိုးရေးဖြန့်ချိထုတ်ဝေရေးဌာတို့မှ ထုတ်ဝေပြီး တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ဖြန့်ချိခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်သော ရှီကျင့်ဖိန် ၏ အရေးကြီးပြောဆိုချက်မှာ ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်ထူးခြားချက်လက္ခဏာ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး ခေတ်သစ်၊ ခရီးသစ်တွင် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား ဆိုင်ရာလုပ်ငန်းအတွက် လုပ်ဆောင်ချက်လမ်းညွှန် ဖြစ်ပါသည်။