တရုတ်အသွင်ပုံစံခေတ်မီရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း သစ်များနှင့် အတုယူဖွယ်ရာများ ထောက်ပံ့ပေးသည်ဟု လာအိုဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆို

Yunnan Gateway, April 19, 2023
Size:

တရုတ်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith သည် ဧပြီလ ၁၇ရက်နေ့က China Media Group မှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်အသွင်ပုံစံခေတ်မီရေးမှာ လာအိုနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသစ်များနှင့် အတုယူ ဖွယ်ရာများ ထောက်ပံ့ပေးကြောင်း ပြောကြားခဲ့ပါသည်။

Saleumxay Kommasith က လာအို-တရုတ်မီးရထားလမ်းသည် လာအိုနိုင်ငံမှ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအမြန်လမ်းသို့ ဝင်ရောက်စေကြောင်း၊ လာအို-တရုတ် မီးရထားလမ်းသည် လာအို-တရုတ်နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုကို ပိုမိုလွယ်ကူ အဆင်ပြေစေကြောင်း၊ ပိုမိုအရေးကြီးသည်မှာ လာအိုနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ အကြား လမ်းကြောင်းဖောက်ပေးခြင်း ဖြစ်ကြောင်း၊ ယခု လာအိုနိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေသကဲ့သို့ လူများသွားလာမှုလည်း များပြားလာကြောင်း၊ လာအို-တရုတ်မီးရထားလမ်း၏ အကျိုးကျေးဇူးကြောင့် မကြာသေးမီက လာအိုနိုင်ငံသည် ၂၀၂၃ခုနှစ်တွင် ကမ္ဘာပေါ်၌ ခရီးသွားလာရန် အကောင်းဆုံးနေရာ ၂၅ခုထဲတွင် တစ်ခု အပါအဝင်အဖြစ် အရွေးခံရကြောင်း ပြောကြားခဲ့ပါသည်။