စစ်ဆောင်ပန်းနား ပြည်နယ်ခွဲ တိုင်(ရှမ်း) တိုင်းရင်းသား ပြက္ခဒိန် ၁၃၈၅ ခုနှစ် နှစ်သစ်ကူး တိုင်းရင်းသားရိုးရာ အစဥ်အလာယဥ်ကျေးမှု လှည့်လည်ဖျော်ဖြေမှုပွဲ ကျင်းပခဲ့

Yunnan Gateway, April 18, 2023
Size:

ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပသည့် တိုင်(ရှမ်း)တိုင်းရင်းသားပြက္ခဒိန် ၁၃၈၅ ခုနှစ် နှစ်သစ်ကူး တိုင်းရင်းသားရိုးရာ အစဥ်အလာယဥ်ကျေးမှု လှည့်လည်ဖျော်ဖြေမှုပွဲသည် သာယာလှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား တိုင်(ရှမ်း) တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့၏ အဓိကလမ်းမကြီးများနှင့် သင်္ကြန်ရင်ပြင်၌ ကျင်းပခဲ့ပါသည်။

ဆန်းတင့်ဝေဆာလှသော ရိုးရာအစဥ်အလာလှုပ်ရှားမှုများ ကြွယ်ဝပေါများပါသည်။ တမူထူးခြားပြီး ယဥ်ကျေးမှုအနှစ်သာရနှင့် ပြည့်ဝသော ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ် ပြသပွဲမှာ ဆွဲဆောင်မှုနှင့် ပြည့်နှက်နေပါသည်။ ရောင်စုံအလှဆင်ထားသော လှည်းယာဉ်အမျိုးမျိုးအဖုံဖုံသည် လတ်ဆတ်သော ပန်းမန်များနှင့် သစ်ရွက်များ၊ ရောင်စုံအလံများဖြင့် မွမ်းမံပြင်ဆင်ထားပါသည်။ ၎င်းအလှလှည်းယာဉ်ပေါ်က တိုင်(ရှမ်း) တိုင်းရင်းသားအမျိုးသမီးများသည် ပြုံးရွှင်ပြီး လှပနေပါသည်။ ခရီးသွားများသည် သာယာလှပသော မြင်ကွင်းများကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - စစ်ဆောင်ပန်းနားနေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)