စွမ်းအင်သစ်သိုလှောင်မှုလုပ်ငန်းသစ်က တရုတ်နိုင်ငံ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေး

Yunnan Gateway, April 18, 2023
Size:

အမေရိကန်ကားထုတ်လုပ်သူ Tesla Inc. က ရှန်ဟိုင်းမြို့တွင် ဧရာမစက်ရုံသစ်တစ်ခုကို တည်ဆောက်သွားမည်ဟု ကြေညာခဲ့ပြီး ကုမ္ပဏီ၏ စွမ်းအင်သိုလှောင်မှုထုတ်ကုန် Megapack ကို ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

Tesla ၏ အကူးအပြောင်းအသစ်သည် တရုတ်နိုင်ငံ၏ စွမ်းအင်သိုလှောင်မှုလုပ်ငန်းအသစ်၌ နောက်ဆုံးတိုးတက်မှုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း တိုးတက်မှုအရှိန်အဟုန်ကို သက်သေပြနေခြင်းလည်းဖြစ်သည်။ စတင်လည်ပတ်နေပြီဖြစ်သော စွမ်းအင်သို လှောင်မှုနည်းပညာနှင့် ဒေသတွင်း စီမံကိန်းများ အဆင့်မြှင့်တင်ခြင်းဖြင့် ယင်းလုပ်ငန်းသည် တရုတ်နိုင်ငံ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု တိုးတက်စေရန် အထောက်အကူပြုလျက်ရှိသည်။

China Energy Storage Alliance (CNESA ) မှ မကြာသေးမီက ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် နှစ်မကုန်မီတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သိုလှောင်ရေး တပ်ဆင်မှုစွမ်းဆောင်ရည်သည် ၁၃.၁ ဂဂ္ဂါဝပ်အထိ ရောက်ရှိပြီဖြစ်ကြောင်း နှစ်စဉ်တိုးတက်မှုနှုန်း ၁၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)