ယူနန်ပြည်နယ်မှ လုပ်ငန်းအဖွဲ့ ၂၀ ကျော်သည် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးမှုကုန်စည်ပြပွဲတွင် ပါဝင်တက်ရောက်

Yunnan Gateway, April 17, 2023
Size:

ဧပြီလ ၁၀ ရက်နေ့တွင် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ စားသုံးမှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဟိုင်နန်ပြည်နယ် ဟိုခိုမြို့တွင် ကျင်းပကြောင်း သိရပါသည်။ ယူနန်ပြည်နယ်မှ လုပ်ငန်းအဖွဲ့ ၂၀ ကျော်သည် အဆိုပါကုန်စည်ပြပွဲသို့ တက်ရောက်ကာ ၎င်းပလက်ဖောင်းမှတစ်ဆင့် ယူနန်ပြည်နယ်၏ အထူးထွက်ကုန်များအား ခင်းကျင်းပြသရန်၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲ၏ အဓိကခေါင်းစဥ်မှာ “တံခါးဖွင့်မှုအခွင့်အလမ်းများ အတူတကွ မျှဝေခြင်း၊ ကောင်းမွန်ချမ်းမြေ့သော နေထိုင်မှုဘဝ အတူတကွ ဖန်တီးခြင်း” ဖြစ်ပါသည်။ ယူနန်ပြည်နယ်ပြခန်းဇုန်သည် ၎င်းခေါင်းစဥ်ကို အခြေခံပြီး ယူနန်ထုတ်လုပ်မှုလုပ်ငန်း၏ အားသာချက်များ ပေါင်းစည်းကာ “နွေဦးရာသီ ပန်းမန်”၊ “နွေရာသီ မှို”၊ “ဆောင်ဦးရာသီ သစ်သီး” နှင့် “ဆောင်းရာသီ လက်ဖက်ခြောက်”ဟူသော အပိုင်း ၄ ပိုင်း ခွဲ၍ ပြသထားပါသည်။ ပန်းမန်၊ ထူးခြားသော ရုက္ခပင်၊ စားသုံးမှို၊ အခွံမာသီး၊ သစ်သီးဝလံ၊ လက်ဖက်၊ ကော်ဖီ အစရှိသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပမှ အရည်အသွေးမြင့် စားသုံးမှုကုန်ပစ္စည်းအမှတ်တံဆိပ် ၃၀၀၀ ကျော် စုစည်းထားပြီး ကုန်အမှတ်တံဆိပ် ၃၀၀ ကျော်မှ ထုတ်ကုန် ၁၀၀၀ ကျော်ကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - YUNNAN.CN ။ ဘာသာပြန် - Yunnan gateway)