နန်နင်း အပြည်ပြည်ဆိုင်ရာ မီးရထား ဘူတာရုံကို အာဆီယံအတွက် ကုန်စည် ပို့ဆောင်ဖြန့်ဖြူးရေး စင်တာအဖြစ် တည်ဆောက်

Yunnan Gateway, April 17, 2023
Size:

ယခုလ ၁၃ ရက်နေ့က တရုတ်ပြည် နန်နင်းအပြည်ပြည်ဆိုင်ရာ မီးရထားဘူတာရုံ SF ဖြန့်ဖြူးရေး စင်တာ ဘက်စုံတည်ဆောက်ပြီးစီး၍ စတင်လည်ပတ်ခဲ့ပါသည်။ ယင်း တည်ဆောက်ရေး လုပ်ငန်းတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁ ဘီလီယံ နီးပါးရှိပြီး ဆောက်လုပ်ရေး ဧရိယာအကျယ်အဝန်းသည် စတုရန်းမီတာ ၁သိန်း၅သောင်း ရှိကာ၊ လုပ်ငန်းလည်ပတ်သွားလျှင် ကွမ်ရှီးမှ အာဆီယံသို့ အကြီးစား ခေတ်မီ ကုစည်ပို့ဆောင် ဖြန့်ဖြူးရေး စင်တာ ဖြစ်လာမည်ဟု သတင်းအရသိရပါသည်။