တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတားသစ်၏ ပင်မတံတားချိတ်ဆက်ခြင်း အခမ်းအနား ကျင်းပခဲ့

Yunnan Gateway, April 14, 2023
Size:

ဧပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတားသစ်၏ ပင်မတံတားချိတ်ဆက်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ်၌ ကျင်းပရာ တရုတ်နိုင်ငံ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာ ကိုယ်စားလှယ်တို့သည် အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတားသစ် စီမံကိန်းမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များသည် ကိုဗစ်-၁၉ ကပ်ရောဂါစသည့် အခက်အခဲများကို ကျော်ဖြတ်၍ စီမံထားသည့်အတိုင်း ဆောက်လုပ်ရေးလုပ်ငန်းစဥ်များကို မြှင့်တင်ဖော်ဆောင်ခဲ့ပါသည်။ ကွမ်းလုံတံတားသစ်၏ စုစုပေါင်းအရှည်မှာ ၂၈၆ မီတာရှိပြီး သံလွင်မြစ်ကို ဖြတ်သန်းပါသည်။

ပင်မတံတားချိတ်ဆက်ပြီးနောက် လမ်းခင်းခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ခြင်းနှင့် စိမ်းလန်းစိုပြည်ရေးစီမံကိန်းများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခုနှစ် ဇွန်လတွင် အပြီးသတ် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။ ဘာသာပြန် - Yunnan gateway)