Special Yunnan Lifestyle | တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင် သင်္ကြန်ပွဲတော်တွင် ပန်းမန်များ ဆွတ်ခူးခြင်း ဓလေ့ထုံးစံ လေ့လာကြည့်ရအောင်

Yunnan Gateway, April 13, 2023
Size:

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင် ၂၀၂၃ ခုနှစ် တိုင်၊ တယ်အောင် တိုင်းရင်းသား သင်္ကြန်ပွဲတော်ကို စတင်ကျင်းပကြောင်း သိရပါသည်။

ပွဲလမ်းသဘင်ဝတ်စုံ ဝတ်ဆင်ထားသော တိုင်၊ တယ်အောင်တိုင်းရင်းသားလူမျိုးများသည် ကွမ်မူ(Guangmu)တောင်သို့ လာရောက်ခဲ့ကြပြီး စိမ်းလန်းသော ထင်းရှူးပင်များဖြင့် ဝန်းရံထားသော၊ သာယာလှပသော ပန်းခူးရင်ပြင်၌ ကောင်းချီးပေး ဆုတောင်းရန် ပန်းခူးခြင်းနှင့် နဂါးနန်းတော် အလှဆင်ခြင်းစသည့် ရိုးရာအစီအစဥ်များ ကျင်းပခဲ့သည်။ အဆိုပါရင်ပြင်၌ လူများသည် ကပါကွမ် တိုင်တိုင်းရင်းသားအကကို ကခုန်ပြီး အဆက်မပြတ် ထွက်ပေါ်လာသည့် ရယ်မောသံများနှင့် စည်ကားနေပါသည်။

ပန်းခူးခြင်းနှင့် နဂါးနန်းတော် အလှဆင်ခြင်းစသည့် ရိုးရာအစီအစဥ်များမှာ သင်္ကြန်ပွဲတော်တွင် ရှေးအကျဆုံးသော ရိုးရာဓလေ့ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)