တရုတ်-လာအို ရထားလမ်းတွင် နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဝန်ဆောင်မှုများ စတင်ပြီးနောက် ကူမင်းမှ ဗီယင်ကျန်းသို့ နေ့ချင်း ရောက်ရှိ

Yunnan Gateway, April 12, 2023
Size:

တရုတ်-လာအို ရထားလမ်းတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းကို ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ရထား ပြေးဆွဲမှုများကို ဧပြီ ၁၃ ရက်တွင် စတင်မည် ဖြစ်ပြီး ကူမင်းမှ ဗီယင်ကျန်းသို့ နေ့ချင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။

ဧပြီ ၁၃ ရက်မှစ၍ နေ့စဉ် ကူမင်း-ဗီယင်ကျန်း၊ ဗီယင်ကျန်း-ကူမင်း ခရီးသည်တင် ရထားတစ်စင်းစီ ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ အဆိုပါရထားသည် လမ်းခရီးတစ်လျှောက်တွင် ကူမင်း တောင်ဘက် ဘူတာရုံ၊ ဖူအော်၊ စစ်ဆောင်ပန်းနား၊ မော်ဟန်၊ မော်တင်း၊ Luang Prabang၊ Vang Viengနှင့် ဗီယင်ကျန်းစသည့် ဘူတာရုံ ၈ ခုကို ဖြတ်သန်းသွားမည်ဖြစ်ကြောင်း၊ အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်မှုများ အပါအဝင် ခရီးလမ်းကြာချိန် ၁၀ နာရီခွဲခန့်ရှိမည် ဖြစ်ကြောင်း သိရပါသည်။ အဆိုပါရထားသည် CR(China Rejuvenation) EMU နှင့် လန်ချန်း EMU တို့ကိုအသုံးပြု ပြေးဆွဲမည်ဖြစ်ပြီး အမြင့်ဆုံးပြေးဆွဲမှုအရှိန်မှာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာဖြစ်ပါသည်။ အသံလွှင့်ခြင်းနှင့် ဝန်ဆောင်မှုလိုဂိုများကို တရုတ်၊ လာအိုနှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ် ပြေးဆွဲလာသည်နှင့်အညီ နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဝန်ဆောင်မှု ရထားများကို ကူမင်း-မိုဟန် နှင့် လာအို-ဘိုတန် ပြေးဆွဲခဲ့သည်။ ဧပြီ ၉ ရက်အထိ တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်ခရီးစဉ် ၁၃.၉၃ သန်း နှင့် ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏ တန်ချိန် ၁၈.၃၈ သန်း ရှိခဲ့ကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - ဆင်ဟွာသတင်းဌာန၊ ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)