စက်ရုပ်များ ထိတွေ့ခံစားမှုအာရုံရှိ e-skin ကို တရုတ်သိပ္ပံပညာရှင်များ တီထွင်

Yunnan Gateway, April 10, 2023
Size:

စက်ရုပ်များက မြင်တွေ့နိုင်စွမ်း အကန့်အသတ်ရှိသော မှောင်မိုက်နေသည့် အခြေအနေမျိုးတွင် ထိတွေ့ခံစားမှုဖြင့် ပတ်ဝန်းကျင်ကို လမ်းညွှန်နိုင်သော e-skin အမျိုးအစားသစ်တစ်မျိုးကို တရုတ်သုတေသန ပညာရှင်များက တီထွင်ခဲ့သည်။

ပျော့ပျောင်းသော ဂျယ်လ် e-skin ၏ အသွင်အပြင်သည် လူ့အရေပြားကို တုပထားခြင်းဖြစ်ရာ ဆွဲဆန့်နိုင်ခြင်း၊ မိမိကိုယ်ကို ပြန်လည်ကောင်းမွန်အောင် ကုသနိုင်စွမ်းရှိကြောင်း၊ ထိုအရေပြားသည် အပူချိန်နှင့် ဖိအားကို စမ်းသပ်နိုင်စွမ်းရှိရာ စက်ရုပ်၏ အသုံးပြုမှုကို ပိုမိုမြှင့်တင်ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ e-skin တီထွင်ရာမှာ ကာလကြာရှည်တည်ရှိနေသော အဓိကအခက်အခဲမှာ လူ့အရေပြားကဲ့သို့သော ရူပဓာတုနှင့် အာရုံခံစွမ်းအတွက် သင့်လျော်သည့် ပေါင်းစပ်ပစ္စည်းရှားပါးခြင်းဖြစ်သည်။ Southeast University မှ သုတေသနအဖွဲ့က ပရိုတိန်းပစ္စည်းတစ်မျိုးဖြစ်သော သဘာဝပိုးချည်မျှင်ကို အခြေခံထားသည့် e-skin တီထွင်မှုအတွက် ဖော်ထုတ်ခဲ့သည်။

၎င်းတို့သည် ရေကိုစုပ်ယူနိုင်သော ကယ်လ်စီယမ်အိုင်းယွန်းများ၊ အက်စစ်ဓာတ်အားနည်းသော ဟိုက်ဒရိုဂျင်အိုင်းယွန်းများနှင့် e-skin ကို ပေါင်းစပ်ရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ခံစားမှုအာရုံရှိသော two-dimensional nanomaterials ပစ္စည်းများကိုလည်း ထည့်သွင်းထားခြင်းဖြစ်သည်။ (Xinhua)