တရုတ်-မြန်မာနယ်စပ်ရှိ ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ပထမသုံးလပတ်၌ သွင်းကုန်ပို့ကုန် တန်ချိန် ၈၄၉,၀၀၀ ပို့ဆောင်ခဲ့

Yunnan Gateway, April 7, 2023
Size:

၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ပြည်ဝင်ပြည်ထွက် ခရီးသည် ၈၇,၀၀၀ ကျော်နှင့် အဝင်အထွက်ယာဥ် ၆၇,၀၀၀ ကို စစ်ဆေးပြီး ခွင့်ပြုခဲ့ကြောင်း၊ မော်တော်ယာဥ်စီးဆင်းမှုပမာဏမှာ အလားတူကာလထက် ၆၅၉ % တိုးများလာကာ စုစုပေါင်း သွင်းကုန်ပို့ကုန် ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၈၄၉,၀၀၀ ရှိပြီး ကုန်စည်တန်ဖိုးမှာ တရုတ်ယွမ် ၂ ဒသမ ၈၅၆ ဘီလီယံကျော်ရှိကြောင်း ဝမ်တိန်နယ်စပ်ဂိတ် လူဝင်မှုကြီးကြပ်ရေးစခန်း၏ သတင်းအရ သိရှိပါသည်။

လက်ရှိအချိန်တွင် ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် တင်ပို့သည့် ကုန်စည်များမှာ အဓိကအားဖြင့် နေ့စဥ်သုံးပစ္စည်းများ၊ ကုန်တင်ကုန်ချကားများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများနှင့် လတ်ဆတ်သော အစားအစာ စသည်တို့ ပါဝင်ပါသည်။ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် ကဏန်း၊ ငါးရှဉ့်၊ ဖရဲသီးနှင့် ကြံ စသည်တို့ ပါဝင်သည်။

နယ်စပ်ဂိတ် ဖွံ့ဖြိုးတိုးတက်မှုပြောင်းလဲမှုနှင့် ကုန်စည်အကောက်ခွန်ရှင်းလင်းရေး လိုအပ်ချက်အသစ်များ ဖြည့်စွက်ရန် "အစိမ်းရောင်လမ်းကြောင်း" "အမြန်လမ်းကြောင်း" နှင့် ကုန်စည်ပို့ဆောင်ရေးအထူးလမ်းကြောင်းစသည့် လမ်းကြောင်းများကို ဖွင့်လှစ်ထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ဝမ်တိန်နယ်စပ်ဂိတ်၏ အလုံးစုံ စစ်ဆေးရေးအချိန်ကို ၃၀% နီးပါး တိုတောင်းစေနိုင်ခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - Chinanews.com ။ ဘာသာပြန် - Yunnan gateway)