Cheng Du Shitong သုတေသနဌာနသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ think tank ဆွေးနွေးဖလှယ်ပွဲ ကျင်းပ

lmcchina.org, April 7, 2023
Size:

၆ ကြိမ်မြောက် လန်ချန်း-မဲခေါင် ရက်သတ္တပတ်ကို ဂုဏ်ပြုရန်နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ”ရွှေရောင် ၅ နှစ်”ကို ကြိုဆိုရန်အတွက် Cheng Du Shitong သုတေသနဌာန ကြီးမှူးကျင်းပသော ဆွေးနွေးဖလှယ်ပွဲသည် ၂၀၂၃ ခုနှစ် မတ်လ ၂၈ရက်နေ့တွင် ကျင်းခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်မှု၊ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမှုတို့ကို ဆွေးနွေးဖလှယ်ရန် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံမှ think tank များကို ဖိတ်ကြားခဲ့သည်။

အထက်ပါဆွေးနွေးဖလှယ်ပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသော ပညာရှင်များသည် တရုတ်-အရှေ့တောင်အာရှနိုင်ငံများအကြား စွမ်းအင်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ရေအရင်းအမြစ်ကို ညှိနှိုင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား နိုင်ငံတကာပညာရေးလုပ်ငန်းတွင် ရင်ဆိုင်နေသော စိန်ခေါ်မှုနှင့် မူဝါဒများ၊ လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခေါင်းဆောင်များ ဆွေးနွေးဖလှယ်သောစာဆောင်များကို သုံးသပ်မှု၊ ရောဂါကူးစက်မှုနှင့် အများပြည်သူကျန်းမာရေးအကျပ်အတည်းများကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်မှု၊ ဒေသတစ်ခုလုံးအသိုက်အဝန်း ဖြစ်ရန် ဆောင်ရွက်ရာတွင် ရင်ဆိုင်ရသော ပြင်ပနှောက်ယှက်မှု၊ နိုင်ငံဖြတ်ကျော် ကုန်သွယ်ရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကျူးလွန်မှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအပေါ် ဒေသတွင်းနိုင်ငံများ ချမှတ်ထားသော မူဝါဒ၏ အကျိုးသက်ရောက်မှုအပါအဝင်  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်၏ လက်ရှိအခြေအနေနှင့် အလားအလာကို ရှုထောင့်မျိုးစုံမှ သုံးသပ်ကြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အထက်ပါဆွေးနွေးဖလှယ်ပွဲသို့ ပါဝင်တက်ရောက်ကြသော ပညာရှင်များသည် အောက်ပါအကြံပေးချက်များ ချမှတ်လိုက်ပါသည်။

၁။ သက်ဆိုင်ရာနိုင်ငံများသည် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စသောလုပ်ငန်းများတွင် တိုးချဲ့ဆောင်ရွက်သင့်ရန်၊ ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် စီမံကိန်းနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ရန် ကြိုးစားသင့်ပေသည်။

၂။ စနစ်ကျသောဂေဟကာကွယ်ထိန်းသိမ်းရေးစနစ်ကို ထူထောင်ရန်၊ မြစ်ချောင်းများကို ကာကွယ်၍ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းပြီး ဒေသတွင်း အစိမ်းရောင်စီးပွားရေး ထူထောင်ရန် ကြိုးစားသင့်သည်။

၃။ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများ အပြန်အလှန်နားလည်မှု တွန်းအားပေးပြီး လုပ်ငန်းတစ်မျိုးတည်းသာ အားကိုးသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံကို ပြောင်းလဲပြီး နယ်ပယ်မျိုးစုံနှင့် အဆင့်အတန်း မျိုးစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှုပုံစံကို ထူထောင်၍ အပြန်အလှန် ဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်း ဖန်တီးရန် ကြိုးစားသင့်သည်။