“လျှပ်စစ်ဓာတ်အား အပြန်အလှန်ဆက်သွယ်၊ ‘လန်ချန်း-မဲခေါင် မေတ္တာ’ အတူပြောပြ” ဟူသော‌ခေါင်းစဥ်ဖြင့် ဂုဏ်ပြုလှုပ်ရှားမှုကို ကွမ်တုန်းပြည်နယ်တွင် ကျင်းပ

lmcchina.org, April 7, 2023
Size:

ကွမ်တုန်းပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာဌာနနှင့် China Southern Power Grid(CSG) ပူးတွဲကျင်းပသော ၂၀၂၃ ခနှစ် ”လန်ချန်း-မဲခေါင် ရက်သတ္တပတ်”ဂုဏ်ပြုလှုပ်ရှားမှုများကို ယခုရက်ပိုင်းက ကွမ်ကျိုး၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ ယခုလှုပ်ရှားမှုသည် “လျှပ်စစ်ဓာတ်အား အပြန်အလှန်ဆက်သွယ်၊ ‘လန်ချန်း-မဲခေါင်မေတ္တာ’အတူပြောပြ”ဟူသော‌ခေါင်းစဥ်ဖြင့် ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏အရည်အသွေးနှင့် အဆင့်အတန်းမြှင့်တင်ရေးကို တွန်းအားပေးရန်အတွက်လည်းကောင်း၊ အပြန်အလှန်ဆက်သွယ်မှုအနာဂတ်သစ်ကို အတူတကွ ဖန်တီးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်သည်။ လှုပ်ရှားမှုအခမ်းအနားသို့ ကွမ်တုန်းရှိမဲခေါင်မြစ်နိုင်ငံများ၏ကောင်စစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြား ပညာတော်သင်များနှင့် တရုတ်လုပ်ငန်းများမှကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ ၃၀ ကျော်သည် တက်ရောက်ကြသည်။

လန်ချန်း-မဲ‌ခေါင် ပူးပေါင်းဆောင်ရွက်စတင်တည်ထောင်ကတည်းက ကွမ်တုန်းပြည်နယ်နှင့် မဲခေါင်မြစ်ငါးနိုင်ငံတို့သည် ဘက်စုံအဆင့်စုံသောဖလှယ်ရေနှင့် ပူးပေါင်းဆောင်ရွက်ရေးဖလက်ဖောင်းကို တည်ဆောက်ထားကြောင်း၊ တရုတ်လုပ်ငန်းများအား မဲခေါင်မြစ်ငါးနိုင်ငံများနှင့် အပြန်အလှန် ဆက်သွယ်မှု စသည့်ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ အားဖြည့်စေရန် ကွမ်တုန်းက တရုတ်လုပ်ငန်းများအား ကူညီပံ့ပိုးမည်ဖြစ်ကြောင်း၊ ဒေသခံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကွမ်တုန်းပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာဌာန ဒုဌာနမှူး Qian Hongjie က ပြောကြားသည်။

ကွမ်ကျိုးရှိလာအိုကောင်စစ်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Vanhpheng Saisomphou မှ ကွမ်ကျိုးရှိ မဲခေါင်နိုင်ငံများကောင်စစ်ချုပ်ရုံးများ၏ ကိုယ်စား လန်ချန်း-မဲခေါင် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကွမ်တုန်းက အကျိုးဆောင်မှုပေးခဲ့ခြင်းအတွက် ကျေးဇူးတင်သည်။ လာအိုနိုင်ငံသည် Bay Area လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများကို အားသွန်ခွန်စိုက် သွင်းယူမည်ဖြစ်ကြောင်း၊ လာအိုလုပ်ငန်းများနှင့် ကွမ်တုန်းအပါအဝင် တရုတ်လုပ်ငန်းများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို တွန်းအားပေးမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” တည်ဆောက်ရေး၏ရလဒ်ကောင်းများကို အတူမျှ‌ဝေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုနှစ်သည် “ရပ်ဝန်းနှင့် ပိုးလမ်းမ”ဟူသောအဆိုပြုချက် တင်သွင်းခဲ့သည့် ၁၀ နှစ်မြောက် ဖြစ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ထောင်ထားသည့် ၇ နှစ်မြောက်လည်း ဖြစ်ကြောင်း China Southern Power Grid(CSG) လက်ထောက်အထွေထွေမန်နေဂျာ Zhang Tanzhi က ပြောကြားသည်။ China Southern Power Grid(CSG) သည် ဒေသတည်နေရာ၏အားသာချက်များကို အပြည့်အဝ အသုံးပြုပြီး မဲခေါင်မြစ်နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားကုန်သွယ်မှုကို စဥ်ဆက်မပြတ် မြှင့်တင်ပေးကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို လိုက်နာပြီး လာအို Tahe ရေအားလျှပ်စစ်စခန်းနှင့် ဗီယက်နမ် Yongxin အဆင့် ၁ စီမံကိန်းကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ တရုတ်-လာအို ချစ်ကြည်ရေး စာသင်ကျောင်း တည်ဆောက်ခြင်းကဲ့သို့သော ”သေးငယ်သော်လည်း လှပ”သော အသက်မွေးဝမ်းကျောင်းစီမံကိန်းများကို ဆောင်ရွက်ရန် စီစဥ်ကြောင်း၊ ဒေသခံ လူမှုစီးပွားရေး ရေရှည်ဖွံ‌ဖြိုးတိုးတက်ရန် တွန်းအား‌ပေးပြီး ပြည်သူချင်း စိတ်ချင်း ချိတ်ဆက်ရေးကို မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အခမ်းအနားသို့ တက်ရောက်သူအားလုံးသည် မဲခေါင်မြစ်ဒေသ၌ လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်‌ရေး မြှင့်တင်‌မှုဆိုင်ရာဝါဒဖြန့်ရုပ်ရှင်ကားကို ကြည့်ရှုခဲ့ကြပြီး China Southern Power Grid(CSG) တည်ဆောက်သည့် တရုတ်-လာအို ချစ်ကြည်ရေး စာသင်ကျောင်းနှင့်ပတ်သက်သောအကြောင်း၊ ကွမ်းတုန်းရှိ နိုင်ငံခြားပညာတော်သင်များမှ ကိုယ်စားလှယ်၏ ထိတွေ့ခံစားချက်များကိုလည်း နားဆင်ခဲ့ကြရာ ကွမ်းကျိုး လျှပ်စစ်ဓာတ်အားပြောင်းစခန်းဆိုင်ရာပေါ်ဖြူလာသိပ္ပံစင်တာသို့ သွားရောက်လေ့လာခဲ့ကြသည်။