သစ်တောစိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေး လုပ်ငန်း အရှိန်အဟုန် မြင့်မားလာအောင် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

Yunnan Gateway, April 6, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့ လုပ်အားပေး သစ်ပင်စိုက်လှုပ်ရှားမှုတွင် ပါဝင်ရာ၌ နှစ်စဉ် ယခုလို အချိန်အခါတွင် တရုတ်နိုင်ငံတွင် တောင်ပိုင်းမှ မြောက်ပိုင်းအထိ သစ်တောစိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်း အရှိန်အဟုန် မြင့်မားလာပါကြောင်း၊ ယနေ့ မိမိတို့ သစ်ပင်များ အတူစိုက်ကြခြင်းသည် လူအများ အားလုံးဆောင်ရွက်ကြပြီး ကျယ်ပြောလှသော အမိနိုင်ငံ မြေကြီးများတွင် အစိမ်းရောင်သစ်တောများ စိုက်ကြသည့်အပြင် ပြည်သူများ၏ စိတ်ထဲတွင်လည်း အစိမ်းရောင် မျိုးစေ့များ ချထားဖို့ လှုံ့ဆော်ရန်ပင် ဖြစ်ကြောင်း၊ မျှော်လင့်ချက် ပြည့်နှက်သော နွေဦးကို အတူကြိုဆိုပြီး သာယာလှပသော တရုတ်ပြည်ကို အတူ တည်ဆောက်ကြရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သစ်တောစိုက်ပျိုးမှု အတိုင်းအတာသည် ကမ္ဘာ့ပထမ ဖြစ်ပြီး သစ်တောများကို ဆက်လက် စိုက်ပျိုးနေဆဲ ဖြစ်ကြောင်း၊ သစ်ပင်သစ်တောစိုက်ပျိုးခြင်းသည် လွန်စွာ အရေးကြီး အဓိပ္ပါယ် ရှိသည့် အကြောင်းကိစ္စ တစ်ရပ် ဖြစ်ပြီး ယနေ့ခေတ်အတွက်ရော အနာဂတ်ရေးရာအတွက်ပါ အကျိုးပြုနိုင်သည့် မွန်မြတ်သော လုပ်ငန်းတစ်ရပ်ပင် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က မိမိသည် ဘေကျင်းမှာ ကြီးပြင်းလာခြင်း ဖြစ်ပြီး မိမိ၏ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတစိတ် တော်တော်များများသည် သစ်ပင်များနှင့် ဆက်စပ်နေပါကြောင်း၊ ကွန်နီဖာသစ်တောနှင့် ရွက်ပြန့်သစ်တောများကို အချိုးကျကျ ကောင်းမွန်စွာ စိုက်ပျိုးရမည် ဖြစ်ပြီး ယင်းတို့ကို ဇီဝကွင်းဆက် လိုအပ်ချက်များနှင့် ပိုမို ကိုက်ညီစေရမည် ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေရေး အခြေခံပေါ်တွင် ရောင်စုံသစ်ပင်များကိုလည်း များများ စိုက်ပြီး ဘေကျင်းကို ပိုမို သာယာလှပအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က မျက်မှောက်အချိန်နှင့် လာမည့် အချိန်ပိုင်းတစ်ပိုင်းအတွင်း အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီး မဟာဗျူဟာ တစ်ရပ် ဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး လုပ်အားပေး သစ်ပင်စိုက်ခြင်းလုပ်ငန်းသည် နယ်မြေ စိမ်းလန်းစိုပြေရေးကို တွန်းအားပေးခြင်းနှင့် သာယာလှပသော တရုတ်ပြည်ကို တည်ဆောက်ခြင်းတို့ကို လက်တွေ့ဖေါ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ မိမိတို့သည် သစ်ပင် စိုက်ခြင်းမှစ၍ လူအများပိုင်ဆိုင်သော စိမ်းလန်းသောတောင်နှင့်ရေများ၊ ရွှေတောင်ငွေတောင်များကို စိုက်ကြပြီး သာယာလှပသော တရုတ်နိုင်ငံ၏ ပန်းချီကားသစ်ကို ဆွဲကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။