ရှီကျင့်ဖိန်က ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ အတွေးအခေါ်အား လေ့လာမှုနှင့် အကောင်အထည်ဖော်မှု ထပ်မံအဆင့်မြှင့်တင်ရန် အလေးထားပြောကြား

Yunnan Gateway, April 3, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ အတွေးအခေါ်အား လေ့လာမှုနှင့် အကောင်အထည်ဖော်မှု ထပ်မံအဆင့်မြှင့်တင်ရန် မတ် ၃၁ ရက်က အလေးထားပြောကြားခဲ့သည်။

ရှီက CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့လိုက် လေ့လာခြင်း အစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်စဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အဖွဲ့လိုက်ဆွေးနွေးခြင်းအစည်းအဝေးသည် ဧပြီလတွင် စတင်ရန် လျာထားသော ပါတီတစ်ဝန်း သဘောထားဆိုင်ရာလေ့လာခြင်းအစည်းအဝေးအတွင်း ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ အတွေးအခေါ်အား စေ့စေ့စပ်စပ် လေ့လာရန်နှင့် အကောင်အထည်ဖော်ရန် ပါတီတစ်ရပ်လုံးအား တွန်းအားပေးရာတွင် စံနမူနာပြအခန်းကဏ္ဍ၌ ပါဝင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)