Special Yunnan Lifestyle | ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ တောင်တက်လမ်းစက်ဘီးစီးပြိုင်ပွဲကို တရုတ်-မြန်မာနယ်စပ်ရှိ မန်စီမြို့၌ ကျင်းပခဲ့

Yunnan Gateway, April 3, 2023
Size:

မတ်လ ၂၅ ရက်နေ့တွင် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ တောင်တက်လမ်းစက်ဘီးစီးပြိုင်ပွဲ ပထမပြိုင်ပွဲ(ယူနန်မန်စီ)သည် ယူနန်ပြည်နယ် မန်စီမြို့ အမျိုးသားအဆင့် တောင်တက်လမ်းစက်ဘီးစီး အခြေစိုက်လေ့ကျင့်စခန်းတွင် ကျင်းပ ယှဥ်ပြိုင်ခဲ့ကြောင်း သိရပါသည်။

အဆိုပါပြိုင်ပွဲကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏ ဒေသအသီးသီးမှ ပရော်ဖက်ရှင်နယ် စက်ဘီးစီးအဖွဲ့များမှ လက်ရွေးစင် ၃၀၀ နီးပါးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (ဆောင်းပါးအရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)