လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ဂုဏ်ပြုမှုအခမ်းအနား မြန်မာနိုင်ငံတွင် ကျင်ပ

lmcchina.org, March 31, 2023
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတည်ထောင်ခြင် ၇ နှစ်ပြည့် နှစ်ပတ်လည် ဂုဏ်ပြုအခန်းအနားအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအစိုးရသည် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ၏အောင်မြင်မှုပြပွဲကို နေပြည်တော်တွင် မတ်လ ၂၃ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ စသည့်အစိုးရအရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟိုင်နှင့်တကွ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သံတမန်များ စုစုပေါင်း လူဦးရေ ၂၀၀ ခန့် တက်ရောက်ကြသည်။

အဆိုပါအောင်မြင်မှုပြပွဲတွင် မြန်မာနိုင်ငံရှိ လန်ချန်း-မဲခေါင် စီမံကိန်း၏အောင်မြင်မှုများကို ဘက်စုံတင်ဆက်ပြသခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် စီမံကိန်း ၆၀၀ ကျော်ကို ဖော်ဆောင်ရန် ပံ့ပိုးကူညီပေးခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အကျိုးဆောင်မှုများ ရှိကြောင်း၊ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုဧရိယာ ၃၄ ခု၌ စီမံကိန်း ၉၂ ခုကို ပံ့ပိုးကူညီပေးခဲ့ပြီး မြန်မာပြည်သူများအတွက် လက်တွေ့အကျိုးကျေးဇူးများကို ဆောင်ကြဥ်းပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီမှုအတွက် မြန်မာနိုင်ငံမှ များစွာကျေးဇူးတင်ရှိကြောင်း၊ ပူးတွဲဥက္ကဋ္ဌနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ငြိမ်းချမ်းသော၊ စည်ပင်ဝပြောသော၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော‌ဒေသကို အတူတကွ တည်ဆောက်ကြရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။