လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ပြည့်အထိမ်းအမှတ်ဖလှယ်ရေးလှုပ်ရှားမှုများ နန်နင်းမြို့တွင် ကျင်းပ

lmcchina.org, March 31, 2023
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ပြည့် အထိမ်းအမှတ် ဖလှယ်ရေးလှုပ်ရှားမှုများနှင့် တိုင်းရင်းသားယဉ်ကျေးမှုဖျော်ဖြေပွဲကို “စည်းလုံးညီညွတ်သောအင်အားဖြင့် အနာဂတ်သို့ အတူလျှောက်လှမ်းမည်” ဟူသော ခေါင်းစဉ်ဖြင့် နန်နင်းမြို့တွင် မတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။ ကွမ်းရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးသမဂ္ဂ၊ ကွမ်းရှီး တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်တို့မှ နန်နင်းမြို့တွင် ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

အခမ်းအနား မစတင်မီ ကွမ်းရှီးအမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ Hu Jingbo၊ နန်နင်းမြို့ရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် နန်နင်းမြို့ရှိ မဲခေါင်မြစ်နိုင်ငံများ၏ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများသည် လန်ချန်း-မဲခေါင်နိုင်ငံများ  အမျိုးသမီးများကဏ္ဍ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို စဥ်ဆက်မပြတ် အားကောင်းလာစေရန်၊ အပြန်အလှန် ဖလှယ်မှုဆိုင်ရာအကြောင်းအရာများကို ပိုမိုများပြားလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်ရန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ယခုလှုပ်ရှားမှု၏ရည်ရွယ်ချက်သည် "တိုင်းရင်းသားလူမျိုး၊ ဒေသနှင့် နိုင်ငံတကာ" ပေါင်းစည်းမှု ရှိရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားအဆိုအက၊ တူရိယာတီးခတ်ဖျော်ဖြေမှု၊ ကဗျာရွတ်ဆိုမှု၊ ဘားဂျွမ်းဆပ်ကပ်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အပြန်အလှန်လှုပ်ရှားမှုနှင့် ကိုယ်တိုင်တွေ့ကြုံခံစာမှု စသည့် အနုပညာပုံစံအမျိုးမျိုးဖြင့် လန်ချန်း-မဲခေါင် နိုင်ငံခြောက်နိုင်ငံမှ အမျိုးသမီးများသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အလေးထား သရုပ်ပြရန်အတွက်လည်းကောင်း၊ ကျားမ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်ပေးရန်အတွက်လည်းကောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများအကြား လူမှုယဥ်ကျေးမှုဆိုင်ရာသင်ယူလေ့လာဖလှယ်ရေးကို တက်ကြွစွာ တွန်းအားပေးရန်အတွက်လည်း‌ကောင်း၊ လန်းချန်း-မဲခေါင်နိုင်ငံများ လူမှုယဥ်ကျေးမှုဖလှယ်‌‌‌ရေး၊ ယဥ်‌ကျေးမှုချင်းပေါင်းစည်းရေး၊ ပြည်သူချင်းစိတ်ချင်းချိတ်ဆက်ရေးကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွ ဖန်တီးရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၇ နှစ်ကာလတွင် ကွမ်ရှီးအမျိုးသမီးသမဂ္ဂသည် တရုတ်-အာဆီယံ အမျိုးသမီးကဏ္ဍဖိုရမ် ၃ ကြိမ်၊ နိုင်ငံလုံးဆိုင်ရာ ယဉ်ကျေးမှုဖျော်ဖြေပွဲ ၄ ခုနှင့် ဖလှယ်ရေးအပြန်အလှန်လည်ပတ်မှု ၁၁ ကြိမ်တို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တရုတ်-အာဆီယံ အမျိုးသမီး သင်တန်းကျောင်းနှင့် တရုတ်-အာဆီယံ အမျိုးသမီး လက်တွေ့လေ့ကျင့်ရေးအခြေစိုက်စခန်း စသည်တို့မှတစ်ဆင့် လန်ချန်း-မဲခေါင် အမျိုးသမီးများ နှီးနှောဖလှယ်ရေးနှင့် သင်ကြားရေးလှုပ်ရှားမှု ၅ ပွဲ ကျင်းပခဲ့ရာ "စိတ်ချင်းယှက်နွယ်၍ မေတ္တာချင်းဆက်နွယ်သော " လန်ချန်း-မဲခေါင် အမျိုးသမီးများ၏ သံယောဇဉ်ကို နက်ရှိုင်းစွာပျိုးထောင်နိုင်ခဲ့သည်။ ပြည်သူများ၏ အကျိုးစီးပွားများကို မြှင့်တင်ရန်၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှု တိုးမြင့်လာစေရန်နှင့် လန်ချန်း-မဲခေါင် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် ကွမ်ရှီးအမျိုးသမီးသမဂ္ဂက စွမ်းဆောင်နိုင်ခဲ့ပါသည်။