ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”ကို စတင်ဖွင့်လှစ်

lmcchina.org, March 30, 2023
Size:

ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”ကို စတင်ဖွင့်လှစ်သော အခမ်းအနားနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုများသည် ၂၃ ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ ယူနန်ပြည်နယ်နှင့် လန်ချန်း-မဲခေါင် ၅ နိုင်ငံသည် လန်ချန်း-မဲခေါင် တွေ့ဆုံပွဲသို့ အတူပါဝင်တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်မှုရလာဒ်ကို အတူတူခံစားရ၍ နောင်အလားအလာကောင်းကို အတူတူ မျှော်မှန်းခဲ့သည်။

ယူနန်ပြည်နယ် ၂၀၂၃ ခုနှစ် “လန်ချန်း-မဲခေါင် ရက်သတ္တပတ်”ကို ကျင်းပစဉ် လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ်များ လိကျန်းစိန်ခေါ်မှုလှုပ်ရှားမှုကိုလည်းကောင်း၊ “ကိုဗစ်ကူးစက်ရောဂါကို အောင်မြင်စွာ ကျော်ဖြတ်၊ လန်ချန်းမဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းကို အင်အားသစ်ထည့်သွင်း” ဟူသောခေါင်းစဉ်ဖြင့် ဖိုရမ်ကိုလည်းကောင်း၊ လန်ချန်း-မဲခေါင် လူငယ်များဖလှယ်ပွဲကိုလည်းကောင်း၊ “အစိမ်းရောင် လန်ချန်း-မဲခေါင်နှင့် အိပ်မက်ကို အကောင်အထည်ဖော်စေခြင်း” ဟူသောခေါင်းစဉ်ဖြင့် ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခြင်းပြိုင်ပွဲကိုလည်းကောင်း လှုပ်ရှားမှု စုစုပေါင်း ၁၁ မျိုးကို ကျင်းပခဲ့သည်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ဆွဲဆောင်အားနှင့် များပြားလှသောရလာဒ်ကို ဖော်ပြခဲ့သည်။

ယခု တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသမှနိုင်ငံများချင်း ချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှု တစ်နေ့တစ်ခြား တိုးတက်လာနေပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုလည်း အဆက်မပြတ် တိုးတက်လာနေသဖြင့် နောက်သွားရမည့်ခရီးစဉ်မှာ တွေ့ရမည့် စိန်ခေါ်မှုမျိုးစုံကို အတူတကွ လက်တွဲပြီး ရင်ဆိုင်နိုင်ပါသည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် Liang Jianjun က ပြောကြားသည်။ ယခု ကမ္ဘာသည် မတည်မငြိမ်ဖြစ်မှုနှင့် ပြောင်းလဲမှုကာလသစ်တွင် တည်ရှိပြီး တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် အပြုသဘောဆောင်သောအင်အား ထည့်သွင်းရမည်ဖြစ်သည်။ လန်ချန်း-မဲခေါင်ဒေသမှ နိုင်ငံများအတွက် အခွင့်အရေးအသစ်ကို ပေးအပ်၍ အရည်အသွေး မြင့်သော “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”တည်ဆောင်ရေးစံပြဒေသအဖြစ်လည်းကောင်း၊ တစ်ကမ္ဘာလုံး အဆိုပြုမှုကို အကောင်အထည်ဖော်သောရှေ့ပြေးဒေသအဖြစ်လည်းကောင်း၊ တစ်ကမ္ဘာလုံးလုံခြုံရေး အဆိုပြုမှု၏ စမ်းသပ်မှုဒေသအဖြစ်လည်းကောင်း၊ တစ်ကမ္ဘာလုံးယဉ်ကျေးမှုအဆိုပြုချက်၏ ရှေ့ပြေးဒေသအဖြစ်လည်းကောင်း တည်ဆောက်ပြီး ပိုပြီး ရင်းနှီးသည့် လန်ချန်း-မဲခေါင်း အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရန် ကြိုးစားရမည် ဖြစ်သည်။