ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်လှစ်

Yunnan Gateway, March 28, 2023
Size:

ပိုအော် အာရှဖိုရမ် ၂၀၂၃ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၂၈ရက်နေ့တွင် တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်၌ ဖွင့်လှစ်လိုက်ပါသည်။ အစည်းအဝေးကို ၄ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ ဧည့်သည်တော် ၂၀၀၀ ခန့် တက်ရောက်ကြမည် ဖြစ်ပါသည်။

ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေးသည် နိုင်ငံရေးနယ်ပယ်က အရှိန်အဝါကြီးသူများ၊ ဝန်ကြီးအဆင့် အရာရှိနှင့် အရာရှိဟောင်း ၉၂ဦး၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ခံ ၁၁ဦး၊ စီးပွားရေး ခေါင်းဆောင်နှင့် နာမည်ကျော် ပညာရှင်များ တက်ရောက်ရန် ဆွဲဆောင်လာကြောင်း ၂၈ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သော ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် ဦးစီးကျင်းပသူက ပြောကြားပါသည်။