တရုတ်နိုင်ငံ စစ်ဆောင်ပန်နားမှ မွေးမြူရေးငါးများ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့

Yunnan Gateway, March 28, 2023
Size:

ယခုရက်ပိုင်းတွင် စစ်ဆောင်ပန်းနားအကောက်ခွန်ဌာနမှ စစ်ဆေးပြီးနောက် ၎င်းစီမံသည့်ဒေသရှိ လုပ်ငန်း အဖွဲ့တစ်ဖွဲ့က မွေးမြူသော ရေနေသတ္တဝါ (မြက်စားငါးကြင်း၊ ငါးသိုင်းဝမ်းဖြူမျိုး) များအား နမ့်ဆန်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါသည်။

၎င်းသည် စစ်ဆောင်ပန်နားအကောက်ခွန်ဌာနမှ စစ်ဆးမှုအောင်မြင်ပြီး အရည်အချင်းပြည့်မီသော ပထမဆုံး ရေနေသတ္တဝါမွေးမြူရေးကုမ္ပဏီမှ ပုံမှန်ကုန်သွယ်ရေးနည်းဖြင့် တင်ပို့ခြင်းဖြစ်သည်။ တင်ပို့သည့် မွေးမြူရေးငါး တန်ချိန် ၂ ဒသမ ၇ တန်ရှိပြီး တန်ဖိုးငွေ တရုတ်ယွမ် ၄၇၁၀ဝ ရှိကြောင်း သိရပါသည်။

မြန်မာနိုင်ငံသည် ငါးအရှင်ဈေးကွက် လိုအပ်မှု မြင့်မားသောကြောင့် အဆိုပါရေနေသတ္တဝါမွေးမြူရေးကုမ္ပဏီက ယခုနှစ်တွင် ငါးတန်ချိန် ၁၀ဝ ကျော်တင်ပို့ရန် လျာထားကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - စစ်ဆောင်ပန်းနားအကောက်ခွန်ဌာန။ ဘာသာပြန် - Yunnan gateway